Category Archives: News
-
ကချင်ပြည်နယ်အတွင်းရှိ IDP စခန်းအသီးသီးမှ စခန်းတာဝန်ခံများ၊ ပြည်သူများနှင့်တွေ့ဆုံ၍ မေးမြန်းဆွေးနွေးမှုများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးသည်(၁၈-၉-၂၀၁၈) နှင့် (၁၉-၉-၂၀၁၈) ရက်နေ့တို့တွင် ဗန်းမော်ခရိုင်အတွင်း လူမှုရေးဝန်ကြီးခရီးစဉ်တွင်လိုက်ပါ၍ မိုးမောက်မြို့နယ်ရှိ ကက်သလစ်၊ နှစ်ခြင်း၊ မန္တလေးကျောင်းစခန်း (၃) ခုရှိ IDP စခန်းတာဝန်ခံများပြည်သူများနှင့်လည်းကောင်း၊ မံစီမြို့နယ် နှစ်ခြင်းကျောင်း၊ မိုင်းခေါင်(ကက်သလစ်)၊ မိုင်းခေါင် (နှစ်ခြင်း) စခန်းတာဝန်ခံများ ပြည်သူများနှင့်လည်းကောင်း ၊ဗန်းမော်မြို့နယ်ရှိ လီဆူးနှစ်ခြင်းဘော်ဒါ၊ နှစ်၂၀၀၀ (အာရ်စီ)၊ ရောဘတ်ကျောင်း၊ ထွယ်ဆန်ကျောင်းနှစ်ခြင်း၊ ရိုးကြီးရွာမကျောင်း၊ နန့်လှိုင်ဖန်းခါးကုန်းစခန်းတာဝန်ခံများပြည်သူများနှင့်လည်းကောင်း တွေ့ဆုံခဲ့ပြီး ကချင်ပြည်နယ်တွင်ငြိမ်းချမ်းရေးကိုဖော်ဆောင်၍ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပြုသဘောဆောင်၍ … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း
================================================ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အား (၂၁-၉-၂၀၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ရွှေမင်းဝံလမ်းဘေးရှိ ကမ္ဘောဇဘဏ်တောင်ဘက် ဈေးအနီး၌ စိုက်ထူခဲ့ကြောင်း သိရှိရပါသည်။
-
ကျောင်းတွင်းအခြေပြု သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဇင်းဘောင်ကျေးရွာအုပ်စု၊ ငှက်ကလေးကွင်း မူလတန်း (လွန်) ကျောင်း၌ (၂၁-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀) နာရီမှ (၁၂) နာရီအချိန်ထိ လူမှုဖွံ့ဖြိုးတိုးတက်ရေး အသင်းနှင့် ပူးပေါင်း၍ ကျောင်းတွင်းအခြေပြု သဘာဝဘေးလျော့ပါးရေး ဆွေးနွေးဟောပြောပွဲကျင်းပခဲ့ရာ ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဟောပြော ဆွေးနွေးခဲ့ပြီး ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဖျာပုံခရိုင်အတွင်း ဘေးဖြစ်နိုင်ခြေအများဆုံး အမျိုး အစားဖြစ်သည့် မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မီးဘေး၊ … Read more
-
ကျောင်းတွင်းအခြေပြု သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ကျုံးကဒွန်းအထက်တန်းကျောင်း၌ (၂၀-၉-၂၀၁၈) ရက်နေ့၊ နံနက် (၁၀) နာရီမှ (၁၂) နာရီအချိန်ထိ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် ပူးပေါင်း၍ ကျောင်းတွင်း အခြေပြု သဘာဝဘေးလျော့ပါးရေး ဆွေးနွေးဟောပြောပွဲကျင်းပခဲ့ရာ ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးက ဟောပြောဆွေးနွေးခဲ့ပြီး ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဖျာပုံခရိုင်အတွင်း ဘေးဖြစ်နိုင်ခြေအများဆုံး အမျိုးအစားဖြစ်သည့် မုန်တိုင်းဘေး၊ ဆူနာမီဘေး၊ မီးဘေး၊ ရေဘေး၊ မိုးကြိုးပစ်ဘေးတို့နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များနှင့် အဆိုပါဘေးများကြုံတွေ့လာပါက ရင်ဆိုင်တုံ့ပြန်နိုင်ရန် … Read more
-
မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့အလှူငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊ သရဝေါ်ကျေးရွာ၌ (၁၇-၉-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် ဘုန်းတော်ကြီး ကျောင်း အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၂၀-၉-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fir #krn_Sep2018
-
လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
================================================ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ တောင်ကုန်းကျေးရွာအုပ်စု၊ ကျောက်ပါးစပ်ဒေသ၌ (၁၈-၉-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်ခဲ့သည့် နေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ (၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀၀၀) ကျပ်အား (၂၀-၉-၂၀၁၈)ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် ဝန်းသိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်း (၄/၂၀၁၈)သင်တန်းဆင်းပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၀.၉.၂၀၁၈)ရက်နေ့ (၁၅း၃၀)အချိန်တွင် လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း (၄/၂၀၁၈) သင်တန်းဆင်းပွဲကျင်းပ ခဲ့ပြီး သင်တန်းဆင်းလက်မှတ်နှင့် သင်ထောက်ကူပစ္စည်းများဖြစ်သော Hand speaker (၃)လုံး၊ ရေဒီယို (၃)လုံးစီအားမဲဖောက်ပေးခဲ့ပြီး တစ်ဦး ချင်းသို့ ကျောပိုးအိတ်(၁)လုံး၊ မိုးကာအက(၁)ထည်၊ ရှပ် အင်္ကျီ (၁)ထည်၊ ဦးထုပ် (၁)လုံး၊ ဓာတ်မီး(၁)လုံးနှင့် စာရေးကရိယာများအား တိုင်း ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ သင်တန်းသားများသို့ပေးအပ်ခဲ့ကြောင်း … Read more
-
ရပ်စောက်မြို့၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရပ်စောက်မြို့၊ အ.ထ.က (၂) ကျောင်း၌ (၁၉-၉-၂၀၁၈) ရက်နေ့ တွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား /သူ (၃၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေး ဆိုင်ရာအသိပညာပေး ဗီဒီယိုပြသခြင်း၊ လက်ကမ်း စာစောင်များ ပေးဝေခြင်းနှင့် ငလျင်ဘေးဆိုင်ရာ နံရံကပ်ပိုစတာများပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာဝန်ရှိသူများသည် (၂၁.၉.၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ အလက (၁၁) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၂၀၀) ဦးတက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်းနှင့် လက်ကမ်း စာစောင် ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_Sep2018
-
မြေပြိုဘေးအသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၈) ရက်နေ့တွင် ကော့သောင်း မြို့နယ်၊ ဘုရင့် နောင်တံတားရှေ့ မြို့မပန်းခြံအနီးအနား၌ မြေပြိုဘေးအသိပညာပေးဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်းသတင်း ရရှိပါ သည်။ Source:ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_rbe #tny_Sep2018









