
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူး၍ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားအား (၂၉.၉.၂၀၁၈)ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် ငပုတောမြို့နယ်၊ မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုးညွှန်ကြားရေးမှူး၊ ငပုတောမြို့နယ် မဲဆန္ဒနယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ စိုးသိန်း၊ ငပုတောမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ သင်တန်းသား၊သင်တန်း သူများ စုစုပေါင်းအင်အား (၆၀)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းအား ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ စေတနာ့ဝန်ထမ်း လူငယ်သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးဖြင့် (၂၉.၉.၂၀၁၈)ရက်နေ့မှ (၁.၁၀.၂၀၁၈)ရက်နေ့အထိ သင်တန်းကာလ (၃)ရက်ကြာ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_sep2018
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)