လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ပျို့အိုင် ကျေးရွာ၌ (၉-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသည့် ရေဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာနှင့် မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်၊ ကျောက်မီးကျောင်းကျေးရွာအုပ်စု၊ မြန်မာအင်းတော် ကျေးရွာ၌ (၁၂-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသည့် ရေဘေးသင့်အိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၃,၆၀၀/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၅) မျိုး (၄) အိမ်ထောင်စာနှင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ မြန်မာအင်း တော်ကျေးရွာ၌ (၁၈ -၉ -၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသည့် ရေဘေးသင့်အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၅,၂၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၂) အိမ်ထောင်စာတို့အား (၂၈ – ၉ – ၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂း၃၀) နာရီချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#tny_Sep2018