သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း

30_Pic_01 30_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၃၀-၉-၂၀၁၈)ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထု များသိရှိစေရန်အတွက် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ သီရိမြိုင်ဈေးရှေ့တွင် မုန်တိုင်းဘေးပညာပေး ဗီနိုင်းပိုစတာ မြေစိုက်ဆိုင်း ဘုတ်အား စိုက်ထူခဲ့ပါသည် အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားသို့ မြို့နယ် အုပ်ချုပ်ရေးမှူးမြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#mon_sep2018
Source:  မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events