လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်း ဘုတ်များအား (၂၇-၉-၂၀၁၈) ရက်နေ့တွင် ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှေ့၌လည်းကောင်း၊ (၃၀-၉-၂၀၁၈) ရက်နေ့တွင် ညောင်လေးပင်မြို့နယ်၊ရုံးပေါင်း စုံလမ်းထိပ်နှင့် တောင်ငူမြို့နယ်ရှိ တောင်ငူ ခရိုင်ဦးစီးမှူးရုံးတည်ဆောက်မည့် မြေနေရာရှေ့၌လည်းကောင်း စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ar
#bgo_oct2018