Category Archives: News
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စုနှင့် မြစ်ကျိုးချောင်းကျေးရွာတို့ တွင် (၁၉.၉.၂၀၁၈)ရက်နေ့ လေဘေးကြောင့် အမိုးလန်ပျက်စီးသွားသော အိမ်ခြေ(၁)လုံး၊ ၎င်းအိမ်ထောင်စု (၁)စုရှိ လူဦးရေ (၇) ဦးတို့အတွက် (၁၈၅၁၀/-)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုး(၂၅၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး(၁၄၇၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၉၇၀၀/-)ကျပ်တို့အား (၈-၁၀-၂၀၁၈)ရက်နေ့တွင် လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct2018 Source: … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့သော အိမ်ထောင်စုများအတွက် ထောက်ပံ့ခြင်း
================================================ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ (စစ်ကုန်း၊ သက္ကယ်ပြင်(သံ)၊ ခွေးတောက်ချောင်း) အုပ်စု၊ ကျေးရွာခွဲ(၄)ရွာတို့၌ (၂၈-၉-၂၀၁၈) နေ့မှ ( ၄-၁၀-၂၀၁၈) နေ့ထိ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ(၄၇)လုံး၊ ၎င်းအိမ်ထောင်စု (၄၇) စုရှိ လူဦးရေ (၁၉၀) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၄၇)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၇၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၃၉၉၀၀၀) … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ရင်ပြည်နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ခြင်းနှင့် ပြန်လည် ထူထောင်ရေးရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေးမှုသတင်း
အောက်တိုဘာ ၈၊ မြဝတီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ကရင်ပြည်နယ်အတွင်းလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအကောင်ထည်ဖော်ဆောင်ရွက်ခြင်း၊ဘားအံမြို့နှင့် မြဝတီမြို့များတွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများ၊ ရပ်ရွာအခြေပြု ပြန်လည် ထူထောင်ခြင်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် လုပ်ငန်းစဉ်ညှိနှိုင်းဆွေးနွေးခြင်းအစည်းအဝေးကို ကရင်ပြည် နယ် အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကအစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ကဦးတည်ဆောင်ရွက်လျက်ရှိသော တရားသောဥပဒေများစိုးမိုး အကောင်အထည်ဖော်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များမှ မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင် သောကဏ္ဍများကို ဆောင်ရွက်လျက်ရှိရာ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၉/၂၀၁၈)နှင့် ကျောင်းအခြေပြု ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုနည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း ဟင်္သာတမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၉/၂၀၁၈)နှင့် ကျောင်းအခြေပြု ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုနည်းပြသင်တန်းသင်တန်းဖွင့်ပွဲအခမ်းအနားကို (၈-၁၀-၂၀၁၈) ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန် တွင် ကျင်းပခဲ့ပါသည်။ သင်တန်းဖွင့်ပွဲကို ကျောင်းအုပ်ကြီးကိုယ်စား ခရိုင်ဦးစီးမှူးဦးသန်းစိုးမှ အဖွင့်အမှာစကား ပြောကြားဖွင့်လှစ်ပေးခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် အပါ အဝင် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ PLAN International Myanmar မှတာဝန်ရှိသူများနှင့် သင်တန်းသား/သူ (၉၁) ဦး စုစုပေါင်း (၁၂၀) … Read more
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများစုပေါင်း၍ ပုလုံးတုံတုံးရွာနှင့် ချောင်းဝက ျေးရွာတို့၌ (၁၃-၁၀-၂၀၁၈) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၅-၁၀-၂၀၁၈) ရက်နေ့တွင် သဘာဝဘေး အသိပညာပေး လက်ကမ်းစာ စောင်များနှင့် ပိုစတာများအား ရွာသူ/သားများလက်ဝယ်သို့ သွားရောက်ဖြန့်ဝေခဲ့ခြင်းနှင့် ရှင်းလင်းပြော ကြားခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #tny_oct2018
-
ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်သူများ သဘာဝဘေး အန္တရာယ် အသိပညာတိုးပွားစေရေးအတွက် ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာအား (၇-၁၀-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၊ ဆေးရုံလမ်းနှင့် ရန်ကုန်ပြည်လမ်းဆုံနေရာ၌ စိုက်ထူခဲ့ကြောင်းသတင်း ရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_fld #bgo_oct2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်သူများ သဘာဝဘေး အန္တရာယ် အသိပညာတိုးပွားစေရေးအတွက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာ အား (၇-၁၀-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံနေရာ၌ စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_eqk #bgo_oct2018
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအဖြစ် ပိတ်ဆို့နေသော ရေမြောင်း များအားရှင်းလင်းခြင်း၊ အမှိုက်များဆည်ယူခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်းစသည့် လုပ်ငန်း များဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ် အတွင်းရှိ သဘာဝဘေး လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်အတူ ၂၀၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှ တ်အကြိုလှုပ်ရှားမှုအဖြစ် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်ရှိ ပိတ်ဆို့နေသောရေမြောင်းများ အားရှင်းလင်းခြင်း၊ အမှိုက်များဆည်ယူခြင်း၊ ခြုံနွယ်ပိ တ်ပေါင်းများရှင်းလင်းခြင်း၊ သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းစသည့် လုပ်ငန်းများအား (၅-၁၀-၂၀၁၇) ရက်နေ့၊ (ဝရး၃၀) နာရီအချိန်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #otr #mon_oct2018
-
ကယားပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ (၃.၁၀.၂၀၁၈) ရက်နေ့၊ ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်များအတွင်း ရေဝင်ရောက်သော လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူကျေးရွာ၊ ဝါရီကောခူကျေးရွာနှင့် ကယားညေးခူ ကျေးရွာများရှိ အိမ်ထောင်စု(၁၃၄)စုမှ လူဦးရေ(၆၆၀)ဦး၊ ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူကျေးရွာနှင့် ဖောင်းတောကျေးရွာများရှိ အိမ်ထောင်စု(၂၃၀)စုမှ လူဦးရေ(၁၂၂၂)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၃၆၄)စုမှ လူဦးရေ(၁၈၈၂)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၃၉၅၂၂၀၀ိ/-)ကျပ်ကို (၅.၁၀.၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #kyh_Oct2018 Source – ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကျောင်းတွင်းအခြေပြု အသိပညာပေးဆွေးနွေးပွဲနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်နေမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် (၇.၁၀.၂၀၁၈) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် ကျောင်းသား/သူများကို သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအကြောင်း ဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး အကြောင်းသိကောင်းစရာများ ဟောပြောခြင်း၊ ကြက်ခြေနီသူနာပြုတပ်ခွဲမှ ရှေးဦးပြုစုခြင်းများဟောပြောခဲ့ပြီး ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို အားလုံးပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ အခမ်းအနားသို့ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/မများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း လူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၂၅၀) ခန့် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း … Read more









