ကယားပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း

7 Pic 01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့့်ခွဲမှုဦးစီးဌာန၊ (၃.၁၀.၂၀၁၈) ရက်နေ့၊ ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်များအတွင်း ရေဝင်ရောက်သော လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူကျေးရွာ၊ ဝါရီကောခူကျေးရွာနှင့် ကယားညေးခူ ကျေးရွာများရှိ အိမ်ထောင်စု(၁၃၄)စုမှ လူဦးရေ(၆၆၀)ဦး၊ ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူကျေးရွာနှင့် ဖောင်းတောကျေးရွာများရှိ အိမ်ထောင်စု(၂၃၀)စုမှ လူဦးရေ(၁၂၂၂)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၃၆၄)စုမှ လူဦးရေ(၁၈၈၂)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၃၉၅၂၂၀၀ိ/-)ကျပ်ကို (၅.၁၀.၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld
#kyh_Oct2018

Source – ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events