လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း ဟင်္သာတမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၉/၂၀၁၈)နှင့် ကျောင်းအခြေပြု ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုနည်းပြသင်တန်းသင်တန်းဖွင့်ပွဲအခမ်းအနားကို (၈-၁၀-၂၀၁၈) ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန် တွင် ကျင်းပခဲ့ပါသည်။ သင်တန်းဖွင့်ပွဲကို ကျောင်းအုပ်ကြီးကိုယ်စား ခရိုင်ဦးစီးမှူးဦးသန်းစိုးမှ အဖွင့်အမှာစကား ပြောကြားဖွင့်လှစ်ပေးခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် အပါ အဝင် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ PLAN International Myanmar မှတာဝန်ရှိသူများနှင့် သင်တန်းသား/သူ (၉၁) ဦး စုစုပေါင်း (၁၂၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း(ဘစမ)
#ar
#ayy_Oct2018