ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ရင်ပြည်နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ခြင်းနှင့် ပြန်လည် ထူထောင်ရေးရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေးမှုသတင်း

အောက်တိုဘာ ၈၊ မြဝတီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ကရင်ပြည်နယ်အတွင်းလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအကောင်ထည်ဖော်ဆောင်ရွက်ခြင်း၊ဘားအံမြို့နှင့် မြဝတီမြို့များတွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများ၊ ရပ်ရွာအခြေပြု ပြန်လည် ထူထောင်ခြင်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် လုပ်ငန်းစဉ်ညှိနှိုင်းဆွေးနွေးခြင်းအစည်းအဝေးကို ကရင်ပြည် နယ် အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကအစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ကဦးတည်ဆောင်ရွက်လျက်ရှိသော တရားသောဥပဒေများစိုးမိုး အကောင်အထည်ဖော်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များမှ မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင် သောကဏ္ဍများကို ဆောင်ရွက်လျက်ရှိရာ လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်တစ်ခုအဖြစ် ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းမှမွေးဖွားသော ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ကို ဖွံ့ဖြိုးမှုများ အနောက် ကျဆုံးဖြစ်သောချင်း၊ နာဂနှင့် ရခိုင်ပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီးယခုအခါ ကရင် ပြည်နယ်နှင့် ကယားပြည်နယ်များတွင် တိုးချဲ့ဆောင်ရွက်ပေးမည်ကိုအသိပေးပြောကြားလိုပါကြောင်း၊ ဥပဒေအရ သက်ကြီး ရွယ်အိုများ၏ အခွင့်အရေးများကို ဖော်ဆောင်သည့်အနေဖြင့် အကျိုးခံစားခွင့်အသက်ကိုယခင် အသက် (၉၀) နှစ်မှ ယခုနှစ်တွင် အသက် (၈၅) နှစ်ထိလျှော့ချ၍ လူမှုရေးပင်စင်ကိုလစဉ်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများအတွက် ဥပဒေ၊ နည်းဥပဒေများပေါ်ပေါက်ပြီးဖြစ်ရာ အမျိုးသားကော်မတီဖွဲ့စည်းပြီး မသန်စွမ်း အဆင့်သတ်မှတ်နိုင်ရေးမဟာဗျူဟာရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများ အတွက် စနစ်တကျ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို မူဝါဒများချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။ ပြည်နယ်အစိုးရအဖွဲ့ဝင်များကပြီးခဲ့သော ဇူလိုင်လအတွင်း ကဖြစ်ပွားခဲ့သောရေဘေးအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးခဲ့မှုများ၊ ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက် ဆောင်ရွက်ရန် လိုအပ်ချက်များကိုတင်ပြကြရာပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်ရှိ တိုင်းရင်းသားများအပါအဝင် ပြည်သူ လူထု တစ်ရပ်လုံးအတွက် ပြည်ထောင်စုအစိုးရကလာရောက်ပူးပေါင်း ဆောင်ရွက်ပေးခြင်းကိုကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘက်စုံသုံးဘေးဒဏ်ခိုလှုံအဆောက်အဦ(Multipurpose Cyclone Shelter) တည်ဆောက်မည့်မြေနေရာ၊ မူးယစ်ဆေးဖြတ်ပြီးများ ပြန်လည်ထူထောင်ရေးစခန်း တည် ဆောက် မည့်မြေနေရာများကိုကြည့်ရှုပြီး ဘားအံမြို့၊ စက်မှုဇုံရှိဘိုးဘွားရိပ်သာသို့ သွားရောက်ကြည့်ရှု၍ အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ပါသည်။မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြဝတီမြို့သို့ရောက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ် များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် မြို့တော်ခန်းမ၌ တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနကမြဝတီခရိုင်အတွင်းဆောင်ရွက်မည့် လူမှုကာ ကွယ်စောင့်ရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကမြဝတီမြို့တွင် မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည်ထူထောင်ရေးစခန်းများကိုစနစ်တကျ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ဝန်ထမ်းများခန့်အပ်နိုင်ရေး၊ အဆောက်အဦအဟောင်းများ ပြန်လည်ပြုပြင်ခြင်း၊ အသစ်များထပ်မံတည်ဆောက်ခြင်းနှင့် ရပ်ရွာအခြေပြု သင်တန်းများ ဖွင့်လှစ်နိုင်ရေးကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းဖွဲ့စည်း၍ပရဟိတအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းများကိုရှင်လင်းပြောကြားခဲ့ရာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်အောင်က မြဝတီခရိုင်အတွင်း သဘာဝဘေးဒဏ်ရင်ဆိုင် တုံ့ပြန်နိုင်ရေးအတွက် လိုအပ်ချက်များတင်ပြတောင်းခံခြင်းနှင့် ပရဟိတအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများက လိုအပ် ချက်များကိုတင်ပြကြရာပြည်ထောင်စုဝန်ကြီးနှင့်ဝန်ကြီးဌာနကညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။
#hl1
#krn_Oct2018

Sign Up

Upcoming Events