Category Archives: News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Samaritan’s Purse အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာဖင်လန်သံအမတ်ကြီးတို့ကသီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ စက်တင်ဘာ ၂၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား Samaritan’s Purseအဖွဲ့မှ Country Director ဖြစ်သူ Mr. Paul Mcknight ဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး H.E. Ms. RiikkaLaatu တို့က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် Samaritan’s Purse အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသည့် စီမံချက် ဆိုင်ရာကိစ္စရပ်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ လူကုန်ကူးခံရသူများအားထောက်ပံ့ကူညီပေးနိုင်ရေး၊ မိသားစုများနှင့် ပြန်လည်ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး … Read more
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကနဦးလိုအပ်ချက် လေ့လာဆန်းစစ်မှုသင်တန်း တက်ရော က်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခ န့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများသည် UNOCHA ရုံး၌ (၂၇-၉-၂၀၁၈) ရက်နေ့မှ (၂၈-၉-၂၀၁၈) ရက်နေ့အထိဖွင့်လှစ်သည့် ကနဦးလိုအပ်ချက် လေ့လာဆန်းစစ်မှုသင်တန်း (Rapid Needs Assessment Training) အားတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၂) ရက်ဖြစ်ပြီး စုစုပေါင်း (၁၂) ဦး တက်ရောက် ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #rke_sep2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၈) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာခန်းမ၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ/ ပြည်သူလူထုများ စုစုပေါင်း (၁၀၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်နှင့် ဗွီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ayy_Sep2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၈) ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ်၊ ကန်ရွာကျေးရွာအုပ်စု၊ ကန်ရွာကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ/ပြည်သူလူထုများ စုစုပေါင်း လူဦးရေ (၈၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗွီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ayy_Sep2018
-
ဒုတိယဝန်ကြီးဦးစိုးအောင်အား ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းက လာရောက်တွေ့ဆုံမှုသတင်း
စက်တင်ဘာ ၂၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်အား လူမှုဖွံ့ဖြိုး တိုးတက်ရေးအသင်း (Community Development Association- CDA) ဥက္ကဌဖြစ်သူဒေါက်တာခင်မောင်ဝင်းက ယနေ့ နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး ဒုတိယဝန်ကြီးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသု့ိတွေ့ဆုံရာတွင် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (Community Development Association- CDA) အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း UNICEF ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများအား အရည်သွေးမြှင့်တင် ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များ၊ ရွှေ့ပြောင်းအိမ်ထောင်စုများအတွက် ရေနှင့်ပတ်ဝန်းကျင် … Read more
-
သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား အသိပညာပေးဟောပြော ဆွေးနွေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်မှ (၁၄း၀၀) နာရီ အချိန်ထိ မိုးညိုမြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ မိုးသီတာကျေးရွာ၊ မဟာဗောဓိဘုန်းကြီးကျောင်း၌ သဘာဝ ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ မိုးကြိုးဘေးဆိုင်ရာနံရံကပ်ပိုစတာများပေးအပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ အဆိုပါ ဟောပြော ပွဲသို့ ကျေးရွာသူ/သား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #bgo_Sep2018
-
ရေကြီးရေလွမ်းမိုးမှုထိခိုက်နိုင်ခြေစီမံခန့်ခွဲမှု လုပ်ငန်းများတွင် ကောင်းကင်ဂြိုဟ်တုပုံများကို ထိရောက်စွာ အသုံး ချနိုင်ရေးနှင့်စပ်လျဉ်းသည့် နည်းပညာပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီး ဌာနသည် အာရှဒေသ သဘာဝဘေးကြိုတင်ပြင်ဆင်ရေးဌာန (ADPC) နှင့်ပူးပေါင်း၍ Royal ACE Hotel (နေပြည်တော်) ၌ (၂၇-၉-၂၀၁၈) ရက်နေ့တွင် “ရေကြီးရေလွမ်းမိုးမှုထိခိုက် နိုင်ခြေစီမံခန့်ခွဲမှု လုပ်ငန်းများတွင် ကောင်းကင်ဂြိုဟ်တုပုံများကို ထိရောက်စွာ အသုံးချနိုင်ရေးနှ င့်စပ်လျဉ်းသည့် နည်းပညာပိုင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (Technical Workshop on Use of Satellite-based Flood Frequency and Hazard Mapping for … Read more
-
ငလျင်ဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါမြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် မီးစက်ရုံ လမ်းဒေါင့်ရှိ အ-လ-က စည်ပင်သာယာကျောင်းလမ်းဆုံ၌ (၂၇-၉-၂၀၁၈)ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့် စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန် အချက်များအား ပြည်သူလူထုသိရှိစေရန်အတွက် ငလျင်ဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2018 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်အသိပညာပေးဗီးနိုင်းဆိုင်းဘုတ်များစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၈) ရက်နေ့တွင် ပြည်သူများသဘာဝဘေး အသိ ပညာများတိုးပွားစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ပညာရေးကောလိပ်ရှေ့၊ ကြာပန်းအဝိုင်းနှင့် မကွေးမြို့၊ ကားကြီးကွင်းဝန်းအတွင်းတို့၌ သဘာဝဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်များအား စိုက်ထူပြီးဖြစ်ပါ ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #mgy_Sep2018
-
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာမှုနှင့်စပ်လျဉ်း၍ ဟောပြောပွဲ ကျင်းပမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်ပန်းမြို့၊ အ.လ.က (၄) ဇောတိကျောင်း၌ (၂၇-၉-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် သဘာဝဘေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၁၅၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ရာသီဥတုပြောင်း လဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များ ဟောပြောခြင်း၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more









