
================================================
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အဖျောက်(၄)ရပ်ကွက်၊ ရေပေါ်သောင်ကျေးရွာနှင့်အေးရွာကျေးရွာတို့၌ (၇-၉-၂၀၁၈) ရက်နေ့မှ (၁၇-၉-၂၀၁၈) ရက်နေ့ထိ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် ဘေးလွှတ်ရာသို့ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၉) လုံး၊ အိမ်ထောင်စု (၉) စုမှ လူဦးရေ (၄၀) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး (၈၄၀၀၀ိ/-) စုစုပေါင်းထောက်ပံ့ငွေ (၉၈၄၀၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၉)အိမ်ထောင်စုစာတို့အား (၉-၁၀-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။