
================================================
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၀-၂၀၁၈) ရက်နေ့တွင် ယင်းမာပင်မြို့၊ (ခ) ရပ်ကွက်၊ ပုလဲ-ဂန့်ဂေါလမ်းအရှေ့ဘက်၊ ခရိုင်စုပေါင်းရုံး၌ ယင်းမာခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးအား ဖွင့်လှစ်ခဲ့ရာ ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တကွ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။