မိုးကြိုးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာ အုပ်စု၊ ဗလဘကျေးရွာ၌ (၂-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃) သိန်းကျပ်တိတိကို (၉-၁၀-၂၀၁၈) ရက်နေ့တွင် အောက်ဆီဂျင်အခမဲ့ကူညီရေးနှင့် အာဟာရကုသိုလ်အဖွဲ့မှ ကိုကျော်သူသူနှင့် ဗလဘကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမြဆောင်တို့နှင့်အတူ သေဆုံး သူ၏ ဖခင်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_tls
#mgy_Oct2018

Sign Up

Upcoming Events