Category Archives: News
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁)လုံးအတွက် ထောက်ပံ့ခြင်း
================================================ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ မာယူချောင်းကျးရွာ၌ (၈-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် ၁ လုံး၊ အိမ်ထောင်စု ၁ စုမှ လူဦးရေ ၂ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး ၇ ရက်စာရန်ပုံငွေ (၄၂၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၄၂၀၀ိ/-) အား … Read more
-
မိုးကြိုးဘေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၀.၁၀.၂၀၁၈)ရက်နေ့ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် (၇.၁၀.၂၀၁၈) ရက်နေ့၊ ပျဉ်းမကုန်းကျေးရွာအုပ်စု၊ ကဇန်းဒေါင့်ကျေးရွာ၊ ကဇန်းဒေါင့်မြစ်အတွင်း ငါးဖမ်းပိုက်မျောနေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့သော ဇနီးမောင်နှံ (၂)ဦးအတွက် တစ်ဦးလျှင်ထောက်ပံ့ငွေ (၃၀၀၀၀ဝ/-)နှုန်းဖြင့် (၂)ဦးအတွက် (၆၀၀၀၀ဝ/-)ကျပ် ကို လွှတ်တော်ကိုယ်စား လှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲ များရှေ့မှောက်တွင် သေဆုံးသူ၏ မိဘများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ အစည်းအဝေးအခမ်းအနားသို့ တက်ရောက်လာသူ (၅၀)ဦးခန့်အား မိုးကြိုးဘေးနှင့်စပ်လျဉ်းသည့် … Read more
-
မိုးကြိုးထိမှန် သေဆုံးခဲ့သူအတွက် ထောက်ပံ့ခြင်း
================================================ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ကျုံမရမ်းကံစုကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာ၌ (၇-၁၀-၂၀၁၈) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် မိုးကြိုးထိမှန်၍ သေဆုံးခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃) သိန်းကျပ်အား အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ (၁၀-၁၀-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မိုးကြိုးထိမှန် သေဆုံးခဲ့သူနှင့် ဒဏ်ရာရရှိခဲ့သူများအတွက် ထောက်ပံ့ခြင်း
================================================ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရှားတောကွင်းကျေးရွာအုပ်စု၊ တူးမြောင်းရွာမ၌ (၇-၁၀-၂၀၁၈) ရက်နေ့တွင် မိုးကြိုးထိမှန် သေဆုံးခဲ့သူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၃ဝဝ၀၀၀ိ/-) နှင့် မိုးကြိုးထိမှန်၍ ဒဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၅၀၀ဝဝိ/-) အား (၉-၁၀-၂၀၁၈) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု စစ်ပင်ကြီး ကျေးရွာ၌ (၆-၁၀-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၃) လုံး အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၂) ဦးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေကျပ် (၁၅၀၀၀၀/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၂၅၂၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၁၇၅၂၀၀/-)ကျပ်နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၁)မျိုး (၃)အိမ်ထောင်စာ (၅၅၅၃၀/-)ကျပ်တို့အား လေဘေးသင့်ပြည်သူများ ထံသို့ ကျေးရွာအုပ်ချုပ်ရေးမှူးရပ်မိရပ်ဖများ၏ … Read more
-
ရေကြည်မြို့နယ်ဦးစီးမှူးရုံး ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၁၈) ရက်နေ့တွင် မြို့နယ် သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်အတူ ရေကြည်မြို့နယ်ဦးစီးမှူးရုံးအား ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #otr #ayy_Oct2018
-
မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် သာပေါင်း မြို့နယ်၊ ရွှေရောင်ချကျေးရွာအုပ်စု၊ ဘုံမဲဇာကျေးရွာတွင် (၆-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေး ကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၉-၁၀-၂၀၁၈) ရက်နေ့ (၁၅း၁၅) နာရီအချိန်တွင် ကျန်ရစ်သူမိသားစုဝင်ထံသို့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ရှေ့မှောက်၌ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_tls #ayy_Oct2018
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြဝတီခရိုင်၊ စုကလိမြို့၊ ဆုံဆည်မြိုင်ကျေးရွာ၌ လူငယ်များ အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကွန်ပျူတာသင်တန်းဖွင့်လှစ်ရန် ကွန်ပျူတာအစုံ (၂၀) ပေးအပ်လှူဒါန်းမှု သတင်း
အောက်တိုဘာလ၊၉ ကော့ကရိတ် ကရင်ပြည်နယ်၊ မြဝတီမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြဝတီခရိုင်၊ စုကလိမြို့၊ ဆုံဆည်းမြိုင်ကျေးရွာ၌ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကွန်ပျူတာသင်တန်းဖွင့်လှစ်ရန် ကွန်ပျူတာအစုံ (၂၀) ပေးအပ် လှူဒါန်းပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းဖွင့်လှစ်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညိုနှိုင်းခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရသည်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားလျက်ရှိပြီး တိုင်းရင်းသားအရေးကို ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် တည်ငြိမ်းအေးချမ်းမှုမရှိသေးသော ဒေသများကျန်ရှိနေသေး ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိပြီးဖြစ်သောဒေသတွင် တည်ငြိမ်းအေးချမ်းမှုကိုတည်တံ့အောင် ဆက်လက် … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟသာၤတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ တာငုတ်ကျေးရွာနှင့် သက္ကယ်ပြင်အုပ်စု ၊ငှက်ပျောတောကျေးရွာတို့၌ (၂၇-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ (၂၁) လုံးအတွက် (၃၈၈,၇၁၀/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး (၂၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆၁,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၂၆၁,၇၀၀/-) ကျပ်တို့အား (၉-၁၀-၂၀၁၈) ရက်နေ့ တွင် … Read more
-
ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာအုပ်စု၊ တောက်တာကုန်းကျေးရွာရှိ Cyclone Shelter ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် သဘာဝဘေးအသိပညာပေးဟောပြောခြင်း
================================================ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၀-၂၀၁၈) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာအုပ်စု၊ တောက်တာကုန်းကျေးရွာရှိ Cyclone Shelter တွင် လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် မြို့နယ်စာရင်းစစ်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ လိုက်ပါဆောင်ရွက်ခဲ့ပြီး အဆိုပါ Cyclone Shelter တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ကျေးရွာသူ/သားများ စုစုပေါင်းအင်အား (၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။









