Category Archives: News
-
ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင် ရည်မြင့်တင်ခြင်းသင်တန်း ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၈)ရက်နေ့ နေ့လည် (၁၄း၃၀)နာရီမှ (၁၆း၃၀)နာရီထိ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့် တင်ခြင်းသင်တန်းအား သင်တန်းသူ၊ သင်တန်းသား (၁၉)ဦးဖြင့် ကျင်းပခဲ့ရာ အဆိုပါ သင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်၊ ထောက်ပံ့မှုများနှင့် ဘေးများအကြောင်း၊ ရာသီ ဥတုပြောင်းလဲမှုကြောင့် ဘေးဖြစ်ပွားမှုနှင့် ငလျင်လှုပ်ခတ်နိုင်မှုအခြေအနေများ အသိပညာပေးဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2018 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် ခြင်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၅-၉-၂၀၁၈) ရက်နေ့မှ(၂၇-၉-၂၀၁၈) ရက်နေ့ထိကျင်းပပြုလုပ်သော သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းတွင် ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို (၂၇-၉-၂၀၁၈) ရက်နေ့ ညနေ (၁၅း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့၍ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #kcn_Sep2018
-
မီးဘေးအန္တရာယ် အသိပညာပေး ပိုစတာများ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကော့ကရိတ်မြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ ခရိုင်ပညာရေးမှူးရုံးနှင့် အမှတ် (၁၄) အခြေခံပညာမူလ တန်းကျောင်းကြား၌ (၂၈-၉-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် ပြည်သူများသဘာဝဘေး အန္တရာ ယ်နှင့်ရင်ဆိုင်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးနှင့်အသိပညာ တိုးပွားစေရေးအတွက် မီးဘေး အန္တရာယ် အသိပညာပေး ပိုစတာများအား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_fir #krn_sep2018
-
မုန်တိုင်းဘေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့၊ မင်္ဂလာဈေးရှေ့ နှင့် မြို့ဦးဘုန်းတော်ကြီးကျောင်းထောင့်၌ (၂၈-၉-၂၀၁၈) ရက်နေ့တွင် သဘာဝဘေး အမျိုးမျိုးနှင့်စပ် လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်အလက်များအား ပြည်သူများသိရှိနိုင်ရန်အတွက် မုန်တိုင်းဘေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_str #mon_sep2018
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးလာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ၂၈.၉.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး(UN Resident and Humanitarian Coordinator)ဖြစ်သူ Mr. Knut Ostby ကနေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ IDP စခန်းများ ပိတ်သိမ်း နိုင်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာချမှတ်ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရခိုင်ပြည်နယ် အတွင်းရှိ IDP စခန်းများပိတ်သိမ်းမှုများနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေများ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူမှု သဟဇာတမျှတဖြစ်ထွန်းရေးနှင့် … Read more
-
သဘာဝဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၉-၂၀၁၈) ရက်နေ့တွင် ပြည်သူများသဘာဝဘေး အသိပညာများ တိုးပွားစေရန်ရည်ရွယ်၍ သထုံခရိုင်၊ သထုံမြို့၊ အဝိုင်းပတ်နား၊ နာရီစင်ရှေ့၌ သဘာဝဘေးအသိညာပေး ဗီနိုင်းဆိုင်း ဘုတ်အား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mon_Sep2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရွှေတောင်မြို့နယ် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း (၂/၂၀၁၈) မှ Volunteer (၅) ဦးတို့သည် (၂၇-၉-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြို့မကျေးရွာအုပ်စု၌ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာများဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်သူများအား ခေါက်ဆွဲခြောက်ထုပ် နှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါဟောပြောပွဲသို့ မြို့မအုပ်စုမှ ကျောင်းသား/သူ စုစုပေါင်း (၁၀၀) ဦးကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
သဘာဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်မြို့၊ဈေးရှေ့မြစ်ဆိပ်၌ (၂၇-၉-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ပြည်သူများအသိပညာရရှိနိုင်ရန် သဘာဘေးအသိပညာပေး ဗီနိုင်း ဆိုင်းဘုတ် စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2018
-
ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ ကဝက္ကင်းကျေးရွာအုပ်စု၊ ကဝက္ကင်းကျးရွာ၌ (၁၇-၉-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြ ောင်းရွှေ့နေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၃၉,၉၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၃၉,၉၀၀/-) ကျပ်အား (၂၈-၉-၂၀၁၈) … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်၊ မြောင်းတပ်ကျေးရွာအုပ်စု၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရွှေတောင်မြို့နယ် သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း (၂/၂၀၁၈) မှ Volunteer (၅) ဦးတို့မှ သဘာဝဘေးနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်သူများအား ခေါက်ဆွဲခြောက်ထုပ်နှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၁၀၀) ဦးခန့်ရှိကြောင်း … Read more









