ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြဝတီခရိုင်၊ စုကလိမြို့၊ ဆုံဆည်မြိုင်ကျေးရွာ၌ လူငယ်များ အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကွန်ပျူတာသင်တန်းဖွင့်လှစ်ရန် ကွန်ပျူတာအစုံ (၂၀) ပေးအပ်လှူဒါန်းမှု သတင်း

အောက်တိုဘာလ၊၉ ကော့ကရိတ် ကရင်ပြည်နယ်၊ မြဝတီမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြဝတီခရိုင်၊ စုကလိမြို့၊ ဆုံဆည်းမြိုင်ကျေးရွာ၌ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကွန်ပျူတာသင်တန်းဖွင့်လှစ်ရန် ကွန်ပျူတာအစုံ (၂၀) ပေးအပ် လှူဒါန်းပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းဖွင့်လှစ်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညိုနှိုင်းခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရသည်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားလျက်ရှိပြီး တိုင်းရင်းသားအရေးကို ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် တည်ငြိမ်းအေးချမ်းမှုမရှိသေးသော ဒေသများကျန်ရှိနေသေး ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိပြီးဖြစ်သောဒေသတွင် တည်ငြိမ်းအေးချမ်းမှုကိုတည်တံ့အောင် ဆက်လက် ထိန်းသိမ်းရာတွင် ဖွံဖြိုးတိုးတက်ရေးအတွက် အစိုးရအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးရန် လိုအပ်သည်ဟုယူဆ ကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ် ဆုံဆည်းမြိုင်ဒေသရှိ ပြည်သူများဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ပံပိုးကူညီလျက်ရှိ ကြောင်း၊ ယနေ့အခမ်းအနားတွင် ဤဒေသရှိလူငယ်များအလုပ်အကိုင်များလွယ်ကူစွာရရှိရေးအတွက် ကွန်ပျူတာ အခြေခံမှစပြီး အဆင့်မြင့်အထိ ကွန်ပျူတာသင်တန်းများဖွင့်လှစ်နိုင်ရန် ကွန်ပျူတာအစုံ (၂၀) ကိုလာရောက် လှူဒါန်းခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးက ကွန်ပျူတာအစုံ (၂၀) ကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံခဲ့ပါ သည်။ ထို့နောက် ဆုံဆည်းမြိုင်ကျေးရွာရှိဒီမိုကရေစီအကျိုးပြု ကရင်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးနှင့် ကျေးရွာ ပြည်သူလူထုကိုယ်စား မဲကုလားကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြဝတီခရိုင်၊ ဆုံဆည်းမြိုင်ကျေးရွာရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြို ကျောင်းသို့ရောက်ရှိပြီး ကလေးငယ်များအားတွေ့ဆုံနှုတ်ဆက်၍ အာဟာရမုန့်များပေးဝေခြင်း၊ ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ဆရာမများကို ဂုဏ်ပြုမှာတမ်းလွှာများပေးအပ်ခဲ့ကာ တာဝန်ရှိသူများက လိုအပ်သည်များ ကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ရှမ်းစုကျေးရွာအုပ်စု၊ မဲ့ထော်သလေးကျေးရွာနှင့် အမှတ် (၃) ရပ်ကွက်၊ မာမီဂိတ်အနီး သောင်းရင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြို ကျသည့်အခြေအနေများကို ကြည့်ရှု၍ ပြုပြင်ထိန်းသိမ်းမည့် အစီအစဉ်များအား ဆွေးနွေးညှိနှိုင်းခြင်းများပြုလုပ်ခဲ့ ပါသည်။ ထိုမှတဆင့် မြဝတီမြို့ရှိ ပြန်လည်ထူထောင်ရေးစခန်းပြန်လည်ဖွင့်မည့် အဆောက်အဦသို့သွားရောက်ပြီး ပြန်လည်ပြုပြင်ခြင်းနှင့် တိုးချဲ့ဆောက်လုပ်ရန်လိုအပ်မှုများကို ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့ကရိတ်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းသို့ရောက်ရှိပြီး ကလေးငယ်များအား အာဟာရမုန့်နှင့် ကစားစရာများပေးဝေခြင်း၊ ကျောင်းတွင် တာဝန် ထမ်းဆောင်နေသောဝန်ထမ်းများကို ဂုဏ်ပြုမှာတမ်းလွှာများပေးအပ်ခြင်းများနှင့် ထိုမှတစ်ဆင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ရုံးနှင့် ဝန်ထမ်းအိမ်ယာများဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ရုံးဖွင့်လှစ်မည့် မြေနေရာအားကြည့်ရှုပြီး တာဝန်ရှိသူများအားတွေ့ဆုံ၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကိုဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး၏ ကရင်ပြည်နယ်ခရီးစဉ်တွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ဝန်ကြီးဌာနကညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ခရိုင်အဆင့်တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနက တာဝန်ရှိသူများလိုက်ပါခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
krn_Oct2018

Sign Up

Upcoming Events