
================================================
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၀-၂၀၁၈) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ဧရာကျေးရွာအုပ်စု၊ တောက်တာကုန်းကျေးရွာရှိ Cyclone Shelter တွင် လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် မြို့နယ်စာရင်းစစ်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ လိုက်ပါဆောင်ရွက်ခဲ့ပြီး အဆိုပါ Cyclone Shelter တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ကျေးရွာသူ/သားများ စုစုပေါင်းအင်အား (၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။