
================================================
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရှားတောကွင်းကျေးရွာအုပ်စု၊ တူးမြောင်းရွာမ၌ (၇-၁၀-၂၀၁၈) ရက်နေ့တွင် မိုးကြိုးထိမှန် သေဆုံးခဲ့သူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၃ဝဝ၀၀၀ိ/-) နှင့် မိုးကြိုးထိမှန်၍ ဒဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၅၀၀ဝဝိ/-) အား (၉-၁၀-၂၀၁၈) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။