လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟသာၤတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ တာငုတ်ကျေးရွာနှင့် သက္ကယ်ပြင်အုပ်စု ၊ငှက်ပျောတောကျေးရွာတို့၌ (၂၇-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ (၂၁) လုံးအတွက် (၃၈၈,၇၁၀/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး (၂၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆၁,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၂၆၁,၇၀၀/-) ကျပ်တို့အား (၉-၁၀-၂၀၁၈) ရက်နေ့ တွင် ဟသာၤတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ် သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#ayy_Oct2018