Category Archives: News
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၁၈)ရက်နေ့ ညနေ (၁ရး၃၀)အချိန် မြောက်ဦးမြို့နယ်၊ ဘာညိုကျေးရွာအုပ်စု၊ ဘာညိုကျေးရွာနေ ကျော်တင်ဝင်း(ဘ)ဦးအောင်ကျော်ဇော၊ အသက်(၂၉)နှစ် လယ်လုပ်၊ တစ်ရွာတည်းနေ ဘလှိုင်(ဘ)ဦးစံသာလှ၊ အသက်(၂၇)နှစ်၊ သူရင်းငှါးနှင့် ဆန်းမြရီ (ဘ)ဦးငိုကြူးအောင် အသက်(၂၆)နှစ်တို့ (၃)ဦးမှာ ဘာညိုကျေးရွာ၏ အနောက်ဘက်လယ်ကွင်းတွင် နွားစာမြက်ရိတ်နေစဉ် မိုးရွာ သွန်းမှုကြောင့် ဦးလှဖော်အောင်၏ လယ်တဲတွင်ခိုနားနေကြရာ မိုးကြိုးထိမှန်၍ သေဆုံးသွားခဲ့ရသဖြင့် သေဆုံးသူ(၃)ဦးအတွက် ထောက်ပံ့ ငွေ(၉၀၀,၀၀၀/-)ကျပ်အား (၁၅-၁၀-၂၀၁၈)ရက်နေ့တွင် သေဆုံးသူများ၏ မိဘဆွေမျိုးများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ပန်းမြောင်း၊ ကျေးရွာအုပ်စုဥယျာဉ်သာရပ်တွင် (၁၂-၁၀-၂၀၁၈)ရက်နေ့ ဖြစ်ပွားသော လေးမြို့ မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမည်ဖြစ်သဖြင့် ကမ်းပါးမပြိုကျမီ ကြိုတင်ဖျက်သိမ်း၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသော လူနေအိမ် (သွပ်မိုး/ဝါးထရံကာ/ပျဉ်ခင်း)(၅)လုံး အိမ်ထောင်စု (၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၁၆)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၂၈)ပြည်တို့အား (၁၅-၁၀-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ ထံသို့ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #rke_oct2018 Source: … Read more
-
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကျောက်တော်မြို့နယ် နိဒင် ကျေးရွာရှိပိတ်သိမ်းပြီး IDP စခန်းများ ကြည့်ရှုလေ့လာမှုသတင်း
စစ်တွေ အောက်တိုဘာ ၁၄ ရခိုင်ပြည်နယ် စစ်တွေမြို့၌ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine SchranerBurgener နှင့်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီးဦးအောင်ကျော်ဇံတို့နှင့်အတူ ယနေ့တွင် ကျောက်တော်မြို့နယ် နိဒင်ကျေးရွာရှိပိတ် သိမ်းပြီး IDP စခန်းများအားလေ့လာကြည့်ရှုကြသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေဟိုတယ်၌ လူထု အခြေပြုအရပ်ဘက်အဖွဲ့ အစည်းများနှင့် တွေ့ဆုံသည်။ ယင်းနောက် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ဒုတိယ ဝန်ကြီးဦးစိုးအောင်နှင့် ပြည်နယ်ဝန်ကြီးများနှင့်တွေ့ဆုံပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ရှိ … Read more
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနား ၂၀၁၈ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားကို (၁၃-၁၀-၂၀၁၈) ရက်နေ့တွင် မဟာသရေစည်သူ ဦးဘခန်းမ၊ ပညာရေးကောလိပ်၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေမှ ဖွင့်ပွဲမိန့်ခွန်းပြောကြားခြင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦၤးတင်ထူးအောင်မှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအားဖတ်ကြားခြင်း၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘေးစီမံ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းမှ အပြည်ပြည် ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနား ဖြစ်ပေါ်လာပုံနှင့် အခမ်းအနားပြုလုပ်ရခြင်းအားရှင်းလင်းပြောကြားခြင်း၊ The Johanniter မှ ဦးစိုးသန်းက ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခြင်း၊ အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဌမှ CSOs များအနေဖြင့် ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ … Read more
-
ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ၂ဝ၁၈ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
================================================ နေပြည်တော် အောက်တိုဘာ ၁၃ ================================================ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်း အနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန – ၂ ၌ ကျင်းပရာ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြား သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးသန့်စင်မောင်၊ ဒေါက်တာဝင်းမြတ်အေးနှင့် နိုင်သက်လွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုး အောင်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် ထောက်ပံ့ခြင်း
================================================ အောက်တိုဘာ၊ ၁၄ရက်၊ နေပြည်တော် ================================================ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဦးစီးဌာနများ၏ လုပ်ငန်းတာဝန်များအလိုက် မူဝါဒများအသီးသီးချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာကိစ္စများကိုစီမံခန့်ခွဲရာတွင် ဘေးဒဏ်များကိုကြံ့ကြံ့ခံနိုင်သော လူ့အသိုင်းအဝိုင်း ဖြစ်ပေါ် နိုင်စေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ဘေးအန္တရာယ်ကျရောက်ပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်ပေးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင်လည်း လူ့ဂုဏ်သိက္ခာနှင့်ပြည်စုံသည့် … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲ မှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အောက်တိုဘာလ (၁၃) ရက်နေ့တွင် မုံရွာမြို့၊ မြို့တော်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားကျင်းပခဲ့ရာ အခမ်းအနား သို့ လူမှုရေးဝန်ကြီး လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်း (၂၇၀) ဦးခန့်တတ်ရောက် ခဲ့ပါကြောင်း၊ အဆိုပါအခမ်းအနား၌ လူမှုရေးဝန်ကြီး က အဖွင့်အမှာစကားပြောကြားခြင်းနှင့် ဒေါ်နီနီခိုင် (Unicef Myanmar) က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားတင်ပြခဲ့ပြီး အခမ်းအနားသို့ တတ်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် … Read more
-
မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များပေး အပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အလယ်မန် ကျေးရွာအုပ်စု၊ အလယ်မန်ကျေးရွာ၌ (၉-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၁၂-၁၀-၂၀၁၈) ရက်နေ့တွင် သေဆုံးသူ မိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး နှစ်စဉ်မိုးကြိုးထိမှန်သေဆုံးမှုဖြစ်ပေါ်မှုပိုမိုများပြားလှသည့်အတွက် အလယ်မန်ကျေးရွာအုပ်ချုပ်ရေးမှူးအား လက်တလောတွင် အိမ်ခြေ (၂၀၀) အတွက် မိုးကြိုးဘေး အသိပညာပေး လက်ကမ်းစာစောင် (၂၀၀) နှင့် အုပ်ချုပ်ရေးမှူးရုံးနှင့် လူအများအလွယ်တကူဖတ်ရှုနိုင်သောနေရာများအတွက် မိုးကြိုးဘေး ပိုစတာ … Read more
-
မြေပြိုမှုကြောင့် ဆုံးရှုံးနစ်နာသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
(၁၄-၁၀-၂၀၁၈) ရက်နေ့တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်မှ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာအတွင်း မြေပြိုမှုကြောင့် ဆုံးရှုံးနစ်နာသည့် အိမ်ထောင်စုများအား မြေကွက်၊ အိမ်နှင့် ထောက်ပံ့ငွေပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_lsd #tny_Oct2018
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာအတွင်း (၁၂-၁၀-၂၀၁၈)ရက်နေ့က ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၁) လုံးနှင့် လူဦးရေ (၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် (၁၀၀,၀၀၀) နှင့် (၇)ရက်စာဆန်ဖိုးငွေကျပ် (၁၀,၅၀၀) စုစုပေါင်းတန်ဖိုးငွေ (၁၁၀,၅၀၀) အား (၄-၁၀-၂၀၁၈)ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။









