လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ လက်ပံတန်းကျေးရွာ၌ (၂၅-၁၀-၂၀၁၈) ရက်နေ့ တွင်ဖြစ်ပွားခဲ့သော ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၉) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ် (၂) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးပါ ပလပ်စတစ်ပုံး (၂) ပုံးနှင့် လူဦးရေ (၉) ဦးအတွက် (၂,၁၀၀/-) ကျပ်နှုန်းဖြင့် (၇) ရက်စာဆန်ဖိုးထောက်ပံံငွေ (၁၈,၉၀၀/-) ကျပ်တို့အား (၃၁-၁၀-၂၀၁၈) ရက်နေ့၊ နေ့လယ် (၁၁း၁၅) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#kcn_oct2018