လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

31 Pic_01 31 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု (၅) စု၊ ကျေးရွာ (၁၁) ရွာတို့၌ (၂၈-၁၀-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၃၈) လုံးအတွက် တန်ဖိုးသင့်နှုန်းထားဖြင့် ထောက်ပံ့ငွေ (၂,၂၄၈,၀၀၀/-) ကျပ် ၊ အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (ပလပ်စတစ်ပုံးပါ) (၆) အိမ်ထောင်စုစာ၊ ဘေးသင့်လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၄၄,၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၈၉၂,၁၀၀/-) ကျပ်အား (၃၁-၁၀-၂၀၁၈) ရက်နေ့တွင် သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#bgo_oct2018

Sign Up

Upcoming Events