လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

30 Pic_01 30 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ဇင်ယော်မော်ကျေး ရွာအုပ်စု၊ ဇင်ယော်မော် ကျေးရွာ၌ (၂၉-၁၀-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးနေအိမ် (ဓနိမိုး/ဝါးထရံကာ/ကြမ်းခင်း) (၁၅) လုံး၊ အိမ်ထောင်စု (၁၅) စုမှ လူဦးရေ (၆၆) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာ (၇) ရက်စာ (၄) အိတ် (၁၅) ပြည် (၄) ဘူးတို့အား (၃၀-၁၀-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:         မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#rke_oct2018

Sign Up

Upcoming Events