Category Archives: News
-
ရခိုင်ပြည်နယ်နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (၆/၂၀၁၈) အစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
၁.၁၁.၂၀၁၈ ၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ၏ (၆/၂၀၁၈) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ၏ဖိတ်ကြားချက်အရ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်ဆွေးနွေးခဲ့ပြီး ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးအောင်နှင့် ကော်မတီအဖွဲ့ဝင်များ လုပ်ငန်းကော်မတီ (၂) ခုမှ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား UNOCHA(Myanmar) မှ လာရောက်တွေ့ဆုံမှုသတင်း
နိုဝင်ဘာ ၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် UNOCHA (Myanmar) မှ Head of Office ဖြစ်သူ Mr. Mark Cutts က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် လာရောက်တွေ့ဆုံနှုတ်ဆက်ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် UNOCHA တို့၏ ပူးပေါင်းဆောင်ရွက်နေသောကိစ္စရပ်များ၊ Letter of agreement သက်တမ်းတိုးရန်ဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂ၏ Humanitarian Response Planနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ဘေး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်မှ (၁၅း၀၀) နာရီအချိန်ထိ ပျဉ်းမနားမြို့နယ်၊ အ.ထ.က (၁) ရွှေချီရပ်ကွက် စာသင်ကျောင်း၌ ကျောင်းသား/သူ (၃၂၀) ဦးအား သဘာဝဘေးအသိပညာများဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းနှင့် ကျောင်းသား/သူများအတွက် ဘောပင်လ် ဝေငှပေးခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_Nov 2018
-
မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ် ပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာ ယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့၊ ပြည့်သူူ့ဆေးရုံးကြီးရှေ့၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ် စိုက်ထူထားရာမှ (၁-၁၁-၂၀၁၈) ရက်နေ့တွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရ ရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_nov2018
-
လေပြင်းဘေး အသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယားပြည်နယ်၊ ဘောလခဲမြို့၊ ဘောလခဲ-ရွာသစ်-ဖားဆောင်း၊ တြိဂံလမ်းဆုံမြေနေရာအနီး၌ (၁-၁၁-၂၀၁၈) ရက်နေ့တွင် လေပြင်းဘေး အသိပညာပေးဆိုင်းဘုတ်အား စိုက်ထူပြီးပါကြောင်း သတင်းရရှိပါသည်။ Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က (၁၄) ရွှေကြာပင်ရပ်ကွက် စာသင်ကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၃၂၀) ဦးတို့အား သဘာဝဘေးအသိပညာများဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းနှင့် ကျောင်းသား/သူများအတွက် ဘောပင်လ်များ ဝေငှပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_Nov 2018
-
သောက်သုံးရေကန်ကြီးပြုပြင်ရေးအတွက်မြို့နယ်ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံညှိနှိုင်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၁၁-၂၀၁၈) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဖျာပုံမြို့နယ် တင်ပလွှဲကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာ၊ ဓမင်းဆိပ်ရှယ်လ်တာ နောက်ကျောဘက်ရှိ သောက်သုံး ရေကန်ကြီးပြုပြင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှခွင့်ပြုခဲ့ရာ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်သဖြင့် လုပ်ငန်းစတင်ပြုလုပ်နိုင်ရေးအတွက် မြို့နယ်ကော်မတီအဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_Nov 2018
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲ ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၁၀-၂၀၁၈) ရက်နေ့တွင် သီပေါမြို့နယ်၊ မန်ဆန်းကျေးရွာနှင့် မန်နားကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမည် စိုးရိမ်သဖြင့် သီပေါမြို့နယ်၊ မန်ဆန်းဘုန်းတော်ကြီးကျောင်းနှင့် မန်ဆန်းဘူတာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၉၂) စုမှ ကျား (၁၁၅) ဦး၊ မ (၁၉၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး နှင့် ဆန်ရိက္ခာဖိုးငွေ (၆၅၅,၂၀၀/-) ကျပ်တို့အား (၃၀-၁၀-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: … Read more
-
လေဘေးကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျေးရွာအုပ်စု (၆) စု၊ ကျေးရွာ (၇) ရွာတို့၌ (၂၈-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုလဲနေအိမ် (၁) လုံး၊ အမိုးလန်နေအိမ် (၆) လုံးနှင့် သစ်ပင်ပိ၍ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၄၇,၄၀၀/-) ကျပ်၊ ပြိုလဲနေအိမ်ရှိ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးတို့အတွက် … Read more
-
မီးဘေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာမြို့၊ ဘူတာရုံအရှေ့၌ ယခင်က ငလျင်အသိပညာပေး ဆိုင်းဘုတ်စိုက်ထူထား ရာမှ (၁-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မီးဘေးအသိပညာပေးဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #sgg_Nov 2018









