Category Archives: News
-
အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့မှ ကိုယ်စားလှယ်များ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းများတွင် ပူးပေါင်းကူညီရန်ရောက်ရှိ
================================================== နိုဝင်ဘာ ၂၇၊ နေပြည်တော်——————– စင်္ကာပူနိုင်ငံ၌ နိုဝင်ဘာလ(၁၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက် အာဆီယံမျက်နှာစုံညီ ထိပ်သီးအစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းများတွင် ASEAN Coordinating Centre for Humanitarian Assistance on Disaster Management -AHA Centre မှ လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ် ဆောင်ရွက်ပေးရန်နှင့် ပြန်လည်လက်ခံ ပေါင်းစည်းရေး လုပ်ငန်းများတွင် ပူးပေါင်းကူညီရန် အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။ အဆိုပါဆုံးဖြတ်ချက်အရ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ် ဒေါက်တာ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးကျင်းပပြုလုပ် မှုသတင်း
နိုဝင်ဘာ ၂၇၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဒုတိယ အကြိမ် အလုပ်ရုံဆွေးနွေးပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ USAID တို့နှင့်ပူးပေါင်း၍ နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများကို ခေတ်ကာ လနှင့် လိုက်လျောညီထွေရှိစေရေး၊ နိုင်ငံ တကာစံချိန် စံနှုန်းများနှင့် လိုက်လျော ညီထွေဖြစ်စေရေး၊ ပြည်သူ လူထုအတွက် ပိုမို ထိရောက်သည့် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂလူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ လာရောက်တွေ့ဆုံ
================================================== နိုဝင်ဘာ ၂၇၊ နေပြည်တော်—————– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကုလသမဂ္ဂ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Janet E. Jackson ဦးဆောင်သောအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာနနှင့် UNFPA အဖွဲ့အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ လူငယ်မူဝါဒ ရေးဆွဲပြီးဖြစ်ရာ မူဝါဒအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အ.ထ.က (၄) ကျောင်း၌ (၂၇-၁၁-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်မှ (၁၅း၁၅) နာရီအထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၂၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_nov2018
-
သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ နံရံကပ်ပိုစတာများ ပေးအပ်ခြင်းတို့ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ညောင်လေးပင်ကျေးရွာအုပ်စု၊ ညောင်လေးပင် ကျေးရွာ၊ ဓမ္မရောင်ခြည်ကျောင်းတိုက်၌ (၂၇-၁၁-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်မှ (၁၃း၀၀) နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ နံရံကပ်ပိုစတာများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_nov2018
-
သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၁၁.၂၀၁၈)ရက်နေ့တွင် သံတွဲမြို့၊ အံတော်ကျေးရွာတွင် ကျေးရွားအုပ်ချုပ်ရေးမှူးနှင့် အရပ်သူ/အရပ်သား (၁၁၀)ဦး အား သဘာဝဘေးအသိ ပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_nov2018 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ ချောင်းဆုံ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၁၈)ရက်နေ့ (၁၀း၄၅)နာရီအချိန်၌ နတ်မှော်ကျေး ရွာအုပ်စု၊ နတ်မှော်ရွာသစ်ကျေးရွာတွင် မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်(၅)လုံးတွင် ကျောင်းနေရွယ်ကလေးရှိ နေအိမ် (၃)လုံးအား ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၃) အိမ်ထောင်စာ ကျန်နေအိမ်(၂)လုံးအား ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စာ၊ Family kit (၅)ထုပ်၊ ရေပုံး(၁၀)ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ စုစုပေါင်း (၈၀၀,၀၀၀/-)နှင့် လူဦးရေစုစုပေါင်း (၂၄)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးငွေ … Read more
-
သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၂၇.၁၁.၂၀၁၈)ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်မှ (၁၁း၃၀)နာရီအချိန်အထိ ပန်းတောင်းမြို့နယ်၊ ကိုင်းကြီး ကျေးရွာအုပ်စု ကိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် လူဦးရေ (၁၂၀)ဦးအား သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက် များဝေငှပေးခဲ့ကြောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ထံသို့ ဗီနိုင်းပိုစတာ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #bgo_nov2018 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
“သဘာဝဘေးစီမံခန့်ခွဲမှုအခြေခံသင်တန်း” ဖွင့်ပွဲအခမ်းအနား ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၊ ကြိုက်ခန်းမ၌ မြန်မာသဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးမိတ်ဖက်အဖွဲ့၊ Myanmar Preparedness Partnership (MPP) ၏ ကသာခရိုင်အတွင်းလုပ်ငန်းစဉ်ပထမနေ့အဖြစ် (၂၆-၁၁-၂၀၁၈) ရက်နေ့တွင် “သဘာဝဘေးစီမံခန့်ခွဲမှုအခြေခံသင်တန်း” ဖွင့်ပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_nov2018
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပြင်သာကျေးရွာအုပ်စု၊ ပြင်သာရွာ စိတ္တသုခကျောင်း၌ (၂၆-၁၁-၂၀၁၈) ရက်နေ့၊ (၁) နာရီမှ (၂:၃၀) နာရီအချိန်အထိ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ ကျေးရွာသားစုစုပေါင်း (၁၀၀) ဦးခန့်ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_nov2018 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)









