
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာ၊ ရပ်ကွက်(၈)၌ (၁-၁၂-၂၀၁၈)ရက်နေ့ (၁၃း၁၄)နာရီ အချိန်ဖြစ်ပွားခဲ့သည့် မီးဘေးတွင် ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀,၀၀၀)ကျပ်နှင့် လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ဖိုး(၆,၃၀၀)ကျပ်၊ စုစုပေါင်း (၁၀၆,၃၀၀)ကျပ်တို့အား (၇-၁၂-၂၀၁၈) ရက်နေ့ (၁၂း၂၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#kcn_dec2018
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)