လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်၊ အ.လ.က (ခွဲ) ကျောင်း၌ (၇-၁၂-၂၀၁၈ ) ရက်နေ့၊ (၁၀:ဝဝ) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိ ပညာပေးဟောပြောဆွေးနွေးခြင်းကိုဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၃၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဝေငှခြင်းနှင့် ကျောင်းအတွင်း၌ နံရံကပ်ပိုစတာများကပ်ခြင်း တို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#mon_dec2018