Category Archives: News
-
ရသေ့တောင်မြို့နယ်အတွင်း ဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့ တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၈)ရက်နေ့ (၀၃:၃၀)အချိန်၌ ရသေ့တောင်မြို့နယ်၊ ချွတ်ပြင် ကျေးရွာအုပ်စု၊ပိတောက်မြိုင်ကျေးရွာတွင်ဖြစ်ပွားသော တောဆင်ရိုင်းသတ်ဖြတ်သဖြင့်သေဆုံးသွားသည့် ဦးအောင်ထွန်းသိန်း (ဘ)ဦးရွှေလူး၏ မိသားစုထံသို့ ထောက်ပံငွေကျပ်(၃၀၀,၀၀၀)အား ကျေးရွာအုပ်ချုပ်ရေးမှူးရှေ့မှောက်၌ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_nov2018 Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေး မြေစိုက်ဆိုင်းဘုတ်ဗီနိုင်း(ပိုစ်စတာ)စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁-၁၂-၂၀၁၈)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန် တွင် ဗန်းမော်မြို့၊ သုံးမိုင်ကွက်သစ် ဗန်းမော်မြစ်ကြီးနားကားလမ်းဘေးတွင် သဘာဝဘေးအသိပညာပေး မြေစိုက် ဆိုင်းဘုတ်ဗီနိုင်း(ပိုစ်စတာ) စိုက်ထူခဲ့ကြောင်း သိရှိရပါသည်။ #ar #kcn_nov2018 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မာန်အောင်မြို့တွင် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် ထောက်ပံ့ခြင်းနှင့် ဘေးဒဏ်ခံဘက်စုံသုံးအဆောက်အဦ (cyclone Shelter)များ လွှဲပြောင်းပေးအပ်ခြင်းများဆောင်ရွက်
နိုဝင်ဘာ ၃၀၊ မာန်အောင် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် ထောက်ပံ့ ပေးခြင်းနှင့် ဘေးဒဏ်ခံဘက်စုံသုံးအဆောက်အဦ (cyclone Shelter)များ လွှဲပြောင်းပေးအပ်ခြင်း လုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦလှမော်ဦးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ရမ်းဗြဲမြို့နယ်သို့ ရောက်ရှိခဲ့ ကြပြီး ထိုမှတစ်ဆင့် စက်တပ်ရေယာဉ်ဖြင့် မာန်အောင်မြို့သို့ သွားရောက်ခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာ … Read more
-
မီးဘေးသင့် ရေပူကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် ထောက်ပံ့အလှူငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီ ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ မြဝတီမြို့ အမှတ် (၅) ရပ်ကွက် ရေပူကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် (၂၈-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၀၈း၁၀) နာရီအချိန်တွင်ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် မီးလောင်ကျွမ်းခဲ့သော အေးငြိမ်းချမ်းသာ စမ်းသီတာဆွမ်းစားဆောင်အတွက် ထောက်ပံ့အလှူငွေ (၃၀၀,၀၀၀/-) ကျပ် အား (၃၀-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ရေပူကျေးရွာဘုန်းကြီးကျောင်း … Read more
-
မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လောင်းလုံမြို့နယ်၊ မောင်းမကန်ကျေးရွာ၌ (၃၀-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စာအား (၃၀-၁၁-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_fir #tny_nov2018
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၁-၂၀၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် ဟိုပုံးမြို့ အထက နမ့်ခုတ်ကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၂၅၀) ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝ ဘေးအန္တရာယ်များဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခြင်း၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်း လက်ကမ်းစာစောင် များပေးဝေခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_nov2018
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကုန်းအုပ်စု၊ သဒ္ဒမ္မကျွန်းနှင့် ကျွန်းကြီးကျေးရွာတို့၌ (၂၆-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းအိမ်ခြေ (၂၈) လုံး၊ လူဦးရေ (၉၈) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၈၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၂၀၅,၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၀၀၅,၈၀၀/-) ကျပ်နှင့် (၅၁၈,၂၈၀/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၈) အိမ်ထောင်စုစာအား … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် သောက်သုံးရေကန်ပြင်ဆင်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်အခြေခံပညာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ နိုဝင်ဘာလ (၂၉)ရက်နေ့ (၁၃း၀၀)နာရီမှ (၁၅း၀၀)နာရီအထိ ဖျာပုံမြို့နယ်၊ တင်ပုလွှဲကျေးရွာ အုပ်စု၊ တင်ပုလွှဲ အ.လ.ကကျောင်း တွင် သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြော ပွဲကျင်းပခဲ့ရာ ဆရာဆရာမ၊ ကျောင်းသူ၊ ကျောင်းသား (၂၀၀)ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ တင်ပုလွှဲကျေးရွာသည် ပင်လယ်နှင့်နီးစပ်သောဒေသဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ခံစားခဲ့ရသော ဒေသဖြစ်သဖြင့် မုန်တိုင်းဘေး၊ ဆူနာမီဘေးများနှင့် ပတ်သက်၍ အသိပညာပြည်သူများ ဗဟုသုတများနှင့် … Read more
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ဟိုပုံးမြို့ အထက (၂) ကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၅၀၀) ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝ ဘေးအန္တရာယ်များဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခြင်း၊ သဘာဝဘေးဆိုင်ရာအသိပညာပေးဗီဒီယိုပြသခြင်း လက်ကမ်းစာစောင် များပေးဝေခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_nov2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၁၁.၂၀၁၈)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဟိုပုံးမြို့ အ.ထ.က စမ်းစုတ်ကျောင်း၌ သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/သူ(၃၅၀)ဦး တက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာမှု နှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြော ခြင်း၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2018 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









