
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်သန်းသန်းဝင်း လက်ထောက်ညွှန်ကြားရေးမှူး မှဦးဆောင်ပြီး (၁၁-၁၂-၂၀၁၈)ရက်နေ့၊ (၁၀း၀၀)နာရီမှ (၁၁း၀၀)နာရီအချိန်ထိ မုံရွာမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ အလက(ခွဲ) ကျောင်းတွင် ဆရာ/ဆရာမနှင့် ကျောင်းသူ/သား (၂၁၅)ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပိုစတာများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_dec2018
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)