
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၈) ရက်နေ့၊ (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ အ-လ-က (စံပါယ်နံ့သာ)ရှိ ကျောင်းသူ/ကျောင်းသား(၃၈၀)ဦးတို့အား သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ သရုပ်ပြခြင်းများပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ လည်းဖြန့်ဝေခဲ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#sgg_dec2018
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)