လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၈)ရက်နေ့၊ (၀၉း၀၀)နာရီမှ (၁၁း၀၀)အထိ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာအုပ်စု၊ အထက်တန်းကျောင်း(ခွဲ)၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် ကျောင်းသား/သူ(၂၅၀)ဦးအား လည်းကောင်း၊ ချောက်ကန်ကျေးရွာအုပ်စု၊ ချောက်ကန်ကျေးရွာတွင် (၁၃း၀၀)နာရီမှ (၁၄း၀၀)နာရီအထိ ကျေးရွာသား/သူ(၇၅)ဦး၊ စုစုပေါင်း (၃၂၅)ဦးတို့အား သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ ဘေးအန္တရာယ်အသိပညာပေးဗီနိုင်းများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_dec2018
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)