Category Archives: News
-
ကနဦး ရေဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ အထောက်အကူပြုစီမံကိန်း မိတ်ဆက် အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၁၃.၁၂.၂၀၁၈) ရက်နေ့ တွင် မွန်ပြည်နယ် ဦးစီးမှူးဦးသောင်းရွှေသည် ကျိုက်မရောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ရွှေဟင်္သာခန်းမ၌ ကျင်းပပြုလုပ်သော ကနဦး ရေဘေးပြန်လည် ထူထောင်ရေးဆိုင်ရာ အထောက်အကူပြုစီမံကိန်း မိတ်ဆက်အခမ်းအနားအား UNDP အဖွဲ့နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #mon_dec2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးနှင့် အခြားသဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၈)ရက်နေ့တွင် စမ်းအိုင့်ကျေးရွာအုပ်စု၊ အုတ်ဖိုကျွန်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲ တွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈) မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ လက်တွေ့ပါဝင်ဆောင် ရွက်စေခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်များနှင့် ဗလာ စာအုပ်များ ဖြန့်ဝေပေးခဲ့ပြီး ဆရာ/မနှင့် ကျောင်းသား/သူ၊ စုစုပေါင်း (၁၅၀)ဦးအား တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင် အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၈)နေ့၊ (၁၁း၃၀)နာရီအချိန်၌ ခန္တီးမြို့၊ အမှတ်(၄)အခြေခံ ပညာ အထက်တန်းကျောင်းခွဲရှိ ကျောင်းသူ/ကျောင်းသား (၂၁၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင် အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၁၂.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်မြို့ပေါ်ကျောင်း အ.လ.က(၁၃)၌ သဘာဝဘေးအသိ ပညာပေးဟောပြောပွဲပြု လုပ်ခဲ့ရာကျာင်းသား၊ ကျောင်းသူ(၂၅၀)ဦး တက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ် များဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များ အား ဟောပြောခြင်း၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2018 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင် အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၁၂.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင်မူဆယ်မြို့ အ.ထ.က(၃) ကျောင်း၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြု လုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦး တက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec 2018 Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Multi-Purpose Shelter တည်ဆောက်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးသည် (၁၂-၁၂-၂၀၁၈) ရက်နေ့တွင် ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်သဘာဝဘေးကော်မတီများနှင့်တွေ့ဆုံ၍ Multi-Purpose Shelter (၁) လုံး အမြန်ဆုံးတွက်ချက်တင်ပြနိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းခဲ့ပြီး ဘီးလင်းမြို့နယ်၊ ဗန္ဓုလကျေးရွာအုပ်စု၊ ကန်သာယာရပ်ကွက်ရှိ Multi-Purpose Shelter တည်ဆောက်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ထနောင်းတော(မ)ကျေးရွာ၊ အ.လ.က (ခွဲ) ကျောင်း၌ (၁၂-၁၂-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီမှ (၁၁း၀၀) နာရီအထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၂၉၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2018
-
ငလျင်ဘေးနှင့်အခြား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁၂.၁၂-၂၀၁၈) ရက်နေ့တွင် အမှတ် (၃) ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ငလျင်ဘေးနှင့် အခြားသဘာဝ ဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် တာတုံမြို့အုပ်ချုပ်ရေးမှူးမှ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈) မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ လက်တွေ့ပါဝင် ဆောင်ရွက်စေခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကာ ဆရာ/မနှင့် ကျောင်းသား/သူ၊ စုစုပေါင်း (၁၂၀) ဦးအား တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
ရပ်ရွာအခြေပြု ဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း၌ သင်ခန်းစာများ ပို့ချခြင်း
================================================= Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ မြို့နယ်ကြက်ခြေနီရုံး၌ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(CDA)အဖွဲ့မှ (၁၁-၁၂-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) မှ (၁၆း၃၀)ထိ ကျင်းပပြုလုပ်သော ရပ်ရွာအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းတွင် အဖွင့်အမှာစကားပြောကြားပေးခြင်းနှင့် သင်တန်း နည်းပြအဖြစ် ပါဝင်ဆောင်ရွက်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်၊၊ အဆိုပါသင်တန်းကို (၂)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စုစုပေါင်းတက်ရောက်သူဦးရေ (၂၄) ဦးရှိပါကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ (၁၂-၁၂-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ရာ ကျောင်းသူ/သား (၄၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ကျောင်းအတွက်ဗီနိုင်းပိုစတာ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2018









