
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၈)ရက်နေ့တွင် စမ်းအိုင့်ကျေးရွာအုပ်စု၊ အုတ်ဖိုကျွန်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲ တွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈) မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ လက်တွေ့ပါဝင်ဆောင် ရွက်စေခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်များနှင့် ဗလာ စာအုပ်များ ဖြန့်ဝေပေးခဲ့ပြီး ဆရာ/မနှင့် ကျောင်းသား/သူ၊ စုစုပေါင်း (၁၅၀)ဦးအား တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_dec2018
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)