သဘာဝဘေးအန္တရာယ်ဆိုင် အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

13_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၁၂.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင်မူဆယ်မြို့ အ.ထ.က(၃) ကျောင်း၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြု လုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၃၀၀)ဦး တက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#shn_dec 2018
Source:  မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events