Category Archives: News
-
မုန်တိုင်းဒီရေသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခြင်း
================================================= Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၁၈) ရက်နေ့တွင် (၀၉း၀၀) နာရီအချိန်မှ (၁၁း၀၀) နာရီအချိန်ထိ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာအုပ်စု၊ မလကျွန်းကျေးရွာ၌ မုန်တိုင်းဒီရေသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မလကျွန်းကျေးရွာမှ ရွာသူရွာသားများ စုစုပေါင်း (၂၀၀) ဦးခန့် ပါဝင်ခဲ့ကြပါသည်။ ၎င်းနောက် မုန်တိုင်းးဒီရေသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား တက်ရောက်လာသူများသို့ တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့ပြီး ခေါက်ဆွဲခြောက်များ၊ မုန့်များနှင့် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၈) ရက်နေ့တွင် မုံရွာမြို့နယ် မရိုးတောကျေးရွာ၊ (အ-လ-က) ကျောင်း၌ ရွာသူ/ရွာသား (၇၀) ဦးအား သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် ပိုစတာများဖြန့်ဝေခဲ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2018
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်များအတွင်း လူမှုကာကွယ်စောင့်ရှောက်မှုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွက် သဘာဝဘေး ကူညီထောက်ပံ့မှုများ ဆောင်ရွက်
=================================================== ဒီဇင်ဘာ ၂၂ ၊ နေပြည်တော်————— ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် မိုးစပါးများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ပေးခြင်း အခမ်းအနားကို (၂၂-၁၂-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ တရားမျှတမှု ခံစားရရှိရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပြည်သူများ ခံစားနေရပါကြောင်း၊ … Read more
-
ပက်ပြဲ Shelter ဆောက်လုပ်ရန်အတွက် အကြိုလုပ်ငန်းညှိနှိုင်းမှု အစည်းအဝေးကျင်းပခြင်း
================================================= Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၈) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၌ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ပက်ပြဲကျေးရွာတွင် Shelter ဆောက်လုပ်ရန်အတွက် လုပ်ငန်းမစတင်မီ ဆောက်လုပ်ခွင့်ရသည့် ဇေယျာမြင့်မိုကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာတည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းမှုအစည်းအဝေးကို ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်မှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဇေယျာမြင့်မိုကုမ္ပဏီမှ တာဝန်ရှိသူများက Power Point များဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း
================================================= Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ကရင်ပြည်နယ် သံတောင်မြို့ မသိခန်းမ၌ ပြည်သူလူထု စုစုပေါင်း (၁၀၀) ဦးအား သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန် ရှောင်ရန်များ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များနှင့် ဗီနိုင်းပိုစတာများ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၈) ဖွင့်လှစ်ခြင်း
================================================= Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈) ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၈)အား သင်တန်းသား/သူ (၅၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး (၂၁-၁၂-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် သင်တန်းဆင်းပွဲအခမ်းအနားအား ကျင်းပခဲ့ပြီး ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေက အမှာစကားပြောကြားခဲ့ပြီး၊ သင်တန်းဆင်းလက်မှတ်များပေးခြင်းနှင့် သင်တန်းသား/သင်တန်းသူကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်နေ ဒေါ်ကျင်ပုအသက် (၇၁) နှစ် နေအိမ်၌ (၂၁-၁၂-၂၀၁၈) ရက်နေ့၊ (၁၉း၂၀) နာရီအချိန်တွင် လျှပ်စစ်ပလပ်ခုံ အပူလွန်ကဲရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၁) လုံးမှ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀ိ/-) နှင့်လူဦးရေ (၆) ဦးအတွက် ၇ ရက်စာ ဆန်ဖိုးငွေ … Read more
-
ကချင်ပြည်နယ်၊ နောင်မွန်မြို့နယ်အတွင်း ကြွက်ဘေးကျရောက်မှုကြောင့် သီးနှံများပျက်စီးခဲ့ရသည့် ကျေးရွာများသို့ ဆန်အိတ်ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၊ ပန်နန်းဒင်မြို့၊ ဒဇုံဒမ်း၊ တဆုထု၊ ဂဝိုင်ကျေးရွာများ၏ အဓိကဝမ်းစာဖြစ်သော ပြောင်းဖူး/လူးခင်းများသည် ရိတ်သိမ်းမည့်ကာလတွင် ကြွက်ဘေးကျရောက် မှုကြောင့်ပျက်စီးခဲ့သဖြင့် ဒေသခံပြည်သူများအတွက် ဆန်ရိက္ခာများထောက်ပံ့မှုဆောင်ရွက်ရန် ကချင် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုး၊ UPDJC အဖွဲ့ဝင်များနှင့် ကချင်ပြည်နယ်ဦးစီးမှူးတို့ ဦးဆောင်သောဌာန ဆိုင်ရာအဖွဲ့သည် (၂၀-၁၂-၂၀၁၈) ရက်နေ့တွင် နောင်မွန်မြို့နယ်၊ ရပ်ဘော့ကျေးရွာသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံအားပေးခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို (၁၄း၀၀) နာရီတွင် ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူအိမ်ထောင်စု … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း
================================================= Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွပ်၌ လူဦးရေ (၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးလျော့ပါးရေးအခြေခံသင်တန်း (၁/၂၀၁၈) တွင် တက်ရောက်လျက်ရှိသော သင်တန်းသား သင်တန်းသူများနှင့်အတူ ကွင်းဆင်းလေ့လာခြင်း
================================================= Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ (၁၇-၁၂-၂၀၁၈) ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးလျော့ပါးရေးအခြေခံသင်တန်း (၁/၂၀၁၈) တွင် တက်ရောက်လျက်ရှိသော သင်တန်းသား သင်တန်းသူ (၅၀) တို့နှင့်အတူ (၂၀-၁၂-၂၀၁၈) ရက်နေ့တွင် သာဝတ္ထိကျေးရွာအုပ်စု၊ ကြံခင်း၊ ကွက်သစ်၊ စက်ရုံစုကျေးရွာများသို့ သွားရောက်ကွင်းဆင်းလေ့လာခြင်းများ ပြုလုပ်ခဲ့ပြီး (၂၁-၁၂-၂၀၁၈) ရက်နေ့တွင် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။









