=================================================
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ကရင်ပြည်နယ် သံတောင်မြို့ မသိခန်းမ၌ ပြည်သူလူထု စုစုပေါင်း (၁၀၀) ဦးအား သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန် ရှောင်ရန်များ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များနှင့် ဗီနိုင်းပိုစတာများ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။