
=================================================
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၁၈) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၌ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ပက်ပြဲကျေးရွာတွင် Shelter ဆောက်လုပ်ရန်အတွက် လုပ်ငန်းမစတင်မီ ဆောက်လုပ်ခွင့်ရသည့် ဇေယျာမြင့်မိုကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာတည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းမှုအစည်းအဝေးကို ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်မှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဇေယျာမြင့်မိုကုမ္ပဏီမှ တာဝန်ရှိသူများက Power Point များဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး ကျေးရွာအဖွဲ့မှလည်း သိလိုသည်များ မေးမြန်းရာ ကုမ္ပဏီအဖွဲ့မှ ပြန်လည်ရှင်းလင်းခဲ့ကြပါသည်။ ပက်ပြဲ Shelter သည် ဘက်စုံသုံး (Mutli Purpose) အမျိုးအစားဖြစ်ပြီး ယခုအခါတည်ဆောက်ရေးလုပ်ငန်းများ စတင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။