မုန်တိုင်းဒီရေသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခြင်း

23 Pic 01 23 Pic 02
=================================================
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၁၈) ရက်နေ့တွင် (၀၉း၀၀) နာရီအချိန်မှ (၁၁း၀၀) နာရီအချိန်ထိ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာအုပ်စု၊ မလကျွန်းကျေးရွာ၌ မုန်တိုင်းဒီရေသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မလကျွန်းကျေးရွာမှ ရွာသူရွာသားများ စုစုပေါင်း (၂၀၀) ဦးခန့် ပါဝင်ခဲ့ကြပါသည်။ ၎င်းနောက် မုန်တိုင်းးဒီရေသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား တက်ရောက်လာသူများသို့ တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့ပြီး ခေါက်ဆွဲခြောက်များ၊ မုန့်များနှင့် ရေသန့်ဗူးများ ဝေငှခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်းနှင့် မုန်တိုင်းဒဏ်သင့်ခံရလေ့ရှိသော ဒေသများတွင် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများပြုလုပ်ပေးခြင်းဖြင့် ဘေးအန္တရာယ်ကျရောက်လာပါက ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်ရန် အသင့်ဖြစ်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်စည်းစိမ်အိုးအိမ်များ ထိခိုက်မှုသက်သာစေမည်ဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events