ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၊ ပန်နန်းဒင်မြို့၊ ဒဇုံဒမ်း၊ တဆုထု၊ ဂဝိုင်ကျေးရွာများ၏ အဓိကဝမ်းစာဖြစ်သော ပြောင်းဖူး/လူးခင်းများသည် ရိတ်သိမ်းမည့်ကာလတွင် ကြွက်ဘေးကျရောက် မှုကြောင့်ပျက်စီးခဲ့သဖြင့် ဒေသခံပြည်သူများအတွက် ဆန်ရိက္ခာများထောက်ပံ့မှုဆောင်ရွက်ရန် ကချင် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုး၊ UPDJC အဖွဲ့ဝင်များနှင့် ကချင်ပြည်နယ်ဦးစီးမှူးတို့ ဦးဆောင်သောဌာန ဆိုင်ရာအဖွဲ့သည် (၂၀-၁၂-၂၀၁၈) ရက်နေ့တွင် နောင်မွန်မြို့နယ်၊ ရပ်ဘော့ကျေးရွာသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံအားပေးခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို (၁၄း၀၀) နာရီတွင် ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူအိမ်ထောင်စု (၁၈၆) စု၊ (၁၁၄၇) ဦးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ဆန် (၃၅၈) အိတ် ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။ အဆိုပါ ဆန်ရိက္ခာများအား ပန်နန်းဒင်မြို့သို့အရောက် ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#ha_dcr
#kcn_dec2018
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)