Category Archives: News
-
ပန်းတောင်းမြို့နယ်၊ စွယ်တော်အုပ်စု၊ စွယ်တော်ကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ စွယ်တော်အုပ်စု၊ စွယ်တော်ကျေးရွာ၌ (၅-၁-၂၀၁၉) ရက်နေ့၊ (၂၁း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၄) မျိုးနှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀/-) ကျပ်တို့အား (၉-၁-၂၀၁၈) ရက်နေ့၊ (၁၂း၄၅) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
================================================= Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁-၂၀၁၉) ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၁:၃၀) နာရီအထိ ဘီးလင်းမြို့နယ်၊ အ.မ.က ဂုံညင်းနွယ်စာသင်ကျောင်း၌ ကျောင်းသူ/သားနှင့် ကျေးရွာသူ/သား အင်အား (၂၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခြင်းကို ဆောက်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ ဟွေခါး ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း (ဟွေခါး) ကျောင်းသား/သူ (၂၂၀) ဦးတို့အားလည်းကောင်း၊ (၁၃း၀၀) အချိန်မှ (၁၅း၃၀) နာရီအချိန်ထိ အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/သူ (၂၀၀) ဦးအား လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာနလုပ်ငန်းဆောင်ရွက်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ၊ ဗီဒီယိုပြသခြင်း၊ … Read more
-
သဘာဝဘေးလျော့ပေါ့ရေး လူငယ်ဆင့်ပွားသင့်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ (၉-၁-၂၀၁၉) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပေါ့ရေး လူငယ်ဆင့်ပွားသင့်တန်း ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ သင်တန်းသား/သူ (၃၅) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ် ဆိုင်ရာဝေါဟာရများနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း ဟောပြောပို့ချခြင်း၊ တီရှပ်၊ မိုးကာ၊ ဦးထုပ်၊ ဓာတ်မီးစသည့် သင်တန်းသုံးပစ္စည်းများဖြည့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၉-၁-၂၀၁၉) ရက်နေ့မှ … Read more
-
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်ရေးဆွဲနိုင်ရေးအတွက် အကြို ညှိနှိုင်းအစည်းအဝေး ကျင်းပပြု လုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများဦးဆောင်၍ (၈-၁-၂၀၁၉)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးစီမံချက်ရေးဆွဲနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးမှ အဖွင့်အမှာ စကားပြောကြားပြီး တိုင်းဒေသကြီးဦးစီးမှူးမှ အစည်း အဝေးခေါ်ယူကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ NGO/INGO အဖွဲ့အစည်းများမှ စီမံချက်အကောင် … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ဘိုကလေး မြို့နယ်၊ ဂရမ်းကျေးရွာအုပ်စု၊ ဂရမ်းကျေးရွာ၊ ဦးတင်ထွေးနေအိမ်၌ ဆိုလာမှ Inverter သို့အားသွင်းထားရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ အဆိုပါဖြစ်ပွားခဲ့သော မီးဘေးကြောင့် (ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း) နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးဘေးသင့်ခဲရာ ဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် … Read more
-
” လေဖိအားနည်းရပ်ဝန်းအခြေအနေ “
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်၊ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်အရ- (က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်နှင့် ရခိုင် ကမ်းရိုးတန်း တောင်ပိုင်းအနီးတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အားပျော့ပျက်ပြယ်သွားပြီး ဖြစ်ပါသည်။ (ခ) ယခုသတင်းသည် ဆိုင်ကလုန်းမုန်တိုင်း”ပါဘက်”(Pabuk) အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်းဖြစ်ပါသည်။
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) က လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ဇန်နဝါရီ ၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အား Ms. Rosario G. Manalo ဦးဆောင်သော လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီအသီးသီးဖွဲ့စည်း၍ ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုနောက်ဆုံးအခြေအနေများ၊ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ နေရပ်စွန့်ခွာ သူများ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ IDP စခန်းများအား စနစ်တကျပိတ်သိမ်းနိုင်ရေး … Read more
-
မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာ ပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဦးမြို့၊ အ.ထ.က(၁)ကျောင်းရှေ့၌ ယခင်က မီးဘေး အသိပညာပေးပိုစတာဆိုင်းဘုတ်စိုက်ထူထားရာမှ (၈-၁-၂၀၁၉) ရက်နေ့၊ နေ့လယ် (၃း၀၀) နာရီအချိန်တွင် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးပိုစတာဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူပြီး ဖြစ်ပါကြောင်း သတင်း ရရှိပါသည်။ Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_str #sgg_jan2019
-
မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာ ပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကောလင်းမြို့၊ ရွှေမင်းဝံလမ်းဘေး၊ ကမ္ဘောဇဘဏ်လမ်း တောင်ဘက်၊ ဈေးအနီး၌ ယခင်က မီးဘေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူထားရာမှ (၈-၁-၂၀၁၉) ရက်နေ့၊ နေ့လယ် (၃း၀၀) နာရီအချိန်တွင် မုန်တိုင်းဘေးအသိပညာပေးဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_str #sgg_jan2019









