
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများဦးဆောင်၍ (၈-၁-၂၀၁၉)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးစီမံချက်ရေးဆွဲနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးမှ အဖွင့်အမှာ စကားပြောကြားပြီး တိုင်းဒေသကြီးဦးစီးမှူးမှ အစည်း အဝေးခေါ်ယူကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ NGO/INGO အဖွဲ့အစည်းများမှ စီမံချက်အကောင် အထည်ဖော်နိုင်ရေးအတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးခြင်းဖြင့် ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#ayy_jan2019
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)