မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်၊ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်အရ-
(က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်နှင့် ရခိုင် ကမ်းရိုးတန်း တောင်ပိုင်းအနီးတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အားပျော့ပျက်ပြယ်သွားပြီး ဖြစ်ပါသည်။
(ခ) ယခုသတင်းသည် ဆိုင်ကလုန်းမုန်တိုင်း”ပါဘက်”(Pabuk) အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်းဖြစ်ပါသည်။