မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

9 Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ဘိုကလေး မြို့နယ်၊ ဂရမ်းကျေးရွာအုပ်စု၊ ဂရမ်းကျေးရွာ၊ ဦးတင်ထွေးနေအိမ်၌ ဆိုလာမှ Inverter သို့အားသွင်းထားရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ အဆိုပါဖြစ်ပွားခဲ့သော မီးဘေးကြောင့် (ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း) နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးဘေးသင့်ခဲရာ ဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့်  ဆန်ရိက္ခာ (၇) ရက်စာဖိုး (၄,၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀/-) ကျပ်တိတိအား (၈-၁-၂၀၁၉) ရက်နေ့၊ နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:         ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fir

#ayy_jan2019

 

Sign Up

Upcoming Events