ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) က လာရောက်တွေ့ဆုံမှုသတင်း

နေပြည်တော်၊ ဇန်နဝါရီ ၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အား Ms. Rosario G. Manalo ဦးဆောင်သော လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီအသီးသီးဖွဲ့စည်း၍ ဆောင်ရွက်နေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုနောက်ဆုံးအခြေအနေများ၊ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ နေရပ်စွန့်ခွာ သူများ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ IDP စခန်းများအား စနစ်တကျပိတ်သိမ်းနိုင်ရေး မဟာဗျူဟာရေးဆွဲရာတွင် နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သည့် UNDP၊ UNHCR တို့်နှင့် နားလည်မှုစာချွန်လွှာရေးထိုးဆောင်ရွက်နေမှုများ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ပြန်လည်ခေါ်ဆောင်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံအနေဖြင့် United Nations Convention on the Rights of the Child (UNCRC)၊ United Nations Convention on the Elimination of All Forms of Discrimination Against Women (UNCEDAW) သို့ အစီရင်ခံစာများ ပုံမှန်ရေးသား တင်သွင်းနေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံတကာနှင့် ကုလသမဂ္ဂအဖွဲ့ အစည်းများက ပူးပေါင်းဆောင်ရွက်နေမှုများ၊ လူမှုသဟဇာတဖြစ်ထွန်းရေးဆောင်ရွက်နေမှုများ၊ အကောင်အထည်ဖော်ရာတွင် မြေပြင်တွင် စစ်မှန်သောပြောင်းလဲမှုများပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ မကြာသေးမီကဖြစ်ပွားခဲ့သောArakan Army(AA) အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် အစိုးရ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းစဉ်များ ထိခိုင်နိုင်သည့် အခြေအနေများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်က ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

#hl1_otr
#npw_jan2019

Sign Up

Upcoming Events