Category Archives: News
-
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာတွင် မီးလောင်ကျွမ်းမှုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုများဆောင်ရွက်
၁။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာတွင် (၃-၁-၂၀၁၉) ရက်နေ့၊ မွန်းလွဲ (၂) နာရီ မိနစ် (၂၀) အချိန်ခန့်က နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ နေအိမ် (၁၆၇) လုံး မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ (၆၀၀) ဦးခန့် မီးဘေးသင့်ခဲ့ကြောင်း၊ လူသေဆုံး ထိခိုက်မှုမရှိကြောင်း ကနဦး သိရှိရပါသည်။ ၂။ အဆိုပါမီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်လျက်ရှိသော အပူပိုင်းမုန်တိုင်း “ပါဘက် (Pabuk) နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်
၁။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်၊ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်ထုတ်ပြန်သည့် ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ် (၀၂/၂၀၁၉) အရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ပါဘက်” (Pabuk) သည် ထိုင်းနိုင်ငံ၊ နခွန်စီသမာရက်မြို့ (Nakhon Si Thammarat)၏ အရှေ့တောင်ဘက် မိုင် (၂၇၀) ခန့်၊ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ အရှေ့တောင်ဘက် (၃၈၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေကြောင်း၊ အဆိုပါ အပူပိုင်းမုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ကုန်းတွင်းသို့ … Read more
-
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ (၂) ရပ် အစည်းအဝေးကျင်းပ
ဇန်နဝါရီလ ၃ ၊ နေပြည်တော် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ အကြံပြုချက်များအား အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ(၂)ရပ်ဖြစ်သော ကျား/မတန်းတူရည်တူရှိမှု မြှင့်တင်ရေး ထိခိုက်ခံစားလွယ်အုပ်စုများ ကာကွယ်ရေး လုပ်ငန်းကော်မတီနှင့် ခွဲခြားမှုမပြုရေးလုပ်ငန်းကော်မတီများ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ (Universal Periodic Review – UPR) အကြံပြုချက်တိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသား … Read more
-
သဘာဝဘေးအသိပညာပေးဗီနိုင်းပိုစတာများ စိုက်ထူခြင်း
================================================= Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Church World Services Myanmar (CWS) ဝန်ထမ်းများနှင့် ပူးပေါင်း၍ (၃-၁-၂၀၁၉) ရက်နေ့တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဂတ်ကျေးရွာအုပ်စု၊ သရက်တောကျးရွာ၌ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး အသိပညာပေးဗီနိုင်းပိုစတာများအား စိုက်ထူခဲ့ကြောင်း သိရှိရပါသည်။
-
” ထူးခြားမိုးလေဝသအခြေအနေသတင်း”(၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်၊ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
=========================================== ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၀၁/၂၀၁၉) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း”ပါဘက်”(Pabuk)သည် ထိုင်းနိုင်ငံ၊ နခွန်စီသမာရက်မြို့(Nakhon Si Thammarat)၏ အရှေ့တောင်ဘက် (၂၉၅)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ အရှေ့တောင်ဘက် မိုင်(၄၁၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ကုန်းတွင်းသို့ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့၏ တောင်ဘက်ရှိ နခွန်စီသမာရက်မြို့(ထိုင်းနိုင်ငံ)အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ သတိပေးနှိုးဆော်ချက် ——————————— အဆိုပါ အပူပိုင်းမုန်တိုင်း”ပါဘက်”(Pabuk)၏ အရှိန်ကြောင့် … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက် (၅)ခန်းတွဲ (၅)လမ်းရှိ ဒေါ်စန်းမြင့်နေအိမ်အပေါ်ထပ်ဘုရားခန်း၌ ဆီမီးပူဇော်စဉ် ဖယောင်းတိုင်မီးလဲကျသွားရာမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့မှုကြောင့် မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ်(၁၇)လုံး၊ အိမ်ထောင်စု(၁၈)စုမှ လူဦးရေ(၈၄)ဦးတို့အတွက် အလှူပစ္စည်း 5 litter ရေသန့်(၃၆) ကဒ်၊ ဆီ (၅)ပိဿာ (၃)ပုံး၊ အဝတ်အထည်(၃)အိတ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စောင်(၃၆)ထည်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UNICEF မှ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် လာရောက်တွေ့ဆုံ
================================================= ဇန်နဝါရီလ ၂၊ နေပြည်တော် ——————————— လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNICEF မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. June Kunugi ဦးဆောင်သောအဖွဲ့သည် (၂-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာ၏ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ပါ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ပြည့်ပြည့်၀၀ အကောင်အထည်ဖော်နိုင်ရေးအတွက် UNICEF နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ UNICEF အဖွဲ့အစည်း၏ Executive Director … Read more
-
မီးဘေးကြောင့် ဒဏ်ရာရှိခဲ့သူအတွက် ထောက်ပံ့ခြင်း
================================================= Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ မကျီးကန်ကျေးရွာ၌ (၃၁-၁၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဒဏ်ရာရရှိခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀ိ/-) (ကျပ်ငါးသောင်းတိတိ/-) အား (၂-၁-၂၀၁၉) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူလျက်ရှိသော လူနာ၏ မိသားစုများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းအုပ်စု၊ အေးသာယာကျေးရွာတောင်ဘက် အင်ပင်သာတဲစု၌ (၂၃-၁၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းခဲ့သည့် အိမ်ခြေ (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ (၅၀၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၂၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၀၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုး (၅) အိမ်ထောင်စာတို့အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် … Read more
-
ဆွာချောင်းရေလှောင်တမံကျိုးပေါက်မှုကြောင့် သဲဖုံးလွှမ်းသွားသော လယ်မြေများအတွက် သီးနှံအစားထိုး စိုက်ပျိုးရန် ထောက်ပံ့ငွေများ ပေးအပ်ခြင်း
================================================= Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၈ ခုနှစ်အတွင်း ဆွာချောင်းရေလှောင်တမံကျိုးပေါက်မှုကြောင့် သဲဖုံးလွှမ်းသွားသော လယ်မြေများအတွက် သီးနှံအစားထိုး စိုက်ပျိုးရန် မျိုးစပါး(၁)တင်းလျှင် (၉၀၀၀)ကျပ်နှုန်းဖြင့် (၁၅၃.၃)တင်းအတွက် (၁.၃၇၉၇)ကျပ်သန်းနှင့် အခြားသီးနှံ(၈)မျိုးအတွက် တန်ဖိုးငွေ(၅၈.၅၅၇၀၉)သန်း၊ စုစုပေါင်းထောက်ပံ့ငွေ (၅၉.၉၃၆၇၉) သန်းအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အတူ (၂-၁-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။









