ဇီးကုန်း၊ ဇန်နဝါရီ ၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူ များလိုက်ပါလျက် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အတွင်းစေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် မသန်စွမ်းသူ များအတွက် ထောက်ပံ့ခြင်း၊ သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ မိခင်ဝိုင်းများဖွင့် လှစ်ရန် အတွက် ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီကုန်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ မိခင်ဝိုင်းများအတွက် ထောက်ပံ့ခြင်းအခမ်းအနားသို့ တက် ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ြဖိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာပညာရေး၊ ကျန်းမာရေးနှင့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများတွင် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ ဖော်ဆောင်ပြီး ဆောက်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် ပြည်သူများမျှမျှတတ တူညီစွာခံစားရရှိ အောင် ကြိုးပမ်းနေပါကြောင်း၊ ဝန်ကြီးဌာန၏လုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံး တစ်ပြိုင်နက်တည်း အကောင် အထည်ဖေါ်ရန် ခဲယဉ်းသည့်အတွက်မဟာဗျူဟာများချမှတ်ပြီး စီမံချက်များအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေး နေပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖေါ်မည့် လူသားအရင်းအမြစ်သည် အရေးကြီးသဖြင့် ရှေးဦးအရွယ်ကလေးသူငယ်မှစ၍ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ခန္ဓာကိုယ်ပုံမှန်ကြီးထွားနိုင်ရန် စနစ်တကျပြုစု ပျိုးထောင် ရေးအတွက် မိခင်ဝိုင်းများဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရ၏ ထိုသို့ဆောင်ရွက်မှုများတွင် ပရဟိတ ဂေဟာနှင့် ရိပ်သာများကို အသိအမှတ်ပြုပြီး ပံ့ပိုးမှုများဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းများအတွက်လည်း စနစ်တကျ ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ထောက်ပံ့ငွေများပေးအပ်ရာ ရွှေဆယ်ဝတီ ဘိုးဘွားရိပ်သာ အတွက် ထောက်ပံ့ငွေကျပ် (၃,၇၅၆,၀၀၀) – သုံးဆယ့်ခုနှစ်သိန်း ငါးသောင်း ခြောက်ထောင်၊ နတ်တလင်း ဘိုးဘွား ရိပ်သာအတွက် ထောက်ပံ့ငွေကျပ် (၃,၆၀၉,၀၀၀) – သုံးဆယ့်ခြောက်သိန်းကိုးထောင်၊ ဇီးကုန်းဘိုးဘွားရိပ် သာ အတွက် ထောက်ပံ့ငွေကျပ် (၃,၁၆၈,၀၀၀) – သုံးဆယ့်တစ်သိန်း ခြောက်သောင်းရှစ်ထောင်၊ မင်းကျောင်း လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေကျပ် (၂၃,၇၉၉,၀၀၀)- နှစ်ရာ သုံးဆယ့် ခုနှစ်သိန်း ကိုးသောင်း ကိုးထောင်၊ သင်္ခရိုင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေကျပ် (၁၁,၄၄၈,၀၀၀)- တစ်ရာ တစ်ဆယ့်လေးသိန်း လေးသောင်း ရှစ်ထောင်၊ လက်ပံတန်းလူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက် ထောက်ပံ့ငွေကျပ် (၄,၀၃၅,၀၀၀) – လေးဆယ်သိန်း သုံးထောင့်ငါးရာ၊ မသန်စွမ်းသူ(၂၉၆)ဦးအတွက် ထောက်ပံ့ငွေကျပ် (၈,၈၈၀,၀၀၀) -ရှစ်ဆယ့် ရှစ်သိန်း ရှစ်သောင်း၊ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၅၅၀)ဦး အတွက် လူမှုရေး ပင်စင်ထောက်ပံ့ငွေကျပ် (၁၆,၅၀၀,၀၀၀) – တစ်ရာခြောက်ဆယ့်ငါးသိန်း၊ မိခင်ဝိုင်းများ ဖွင့်လှစ်ရန်အတွက် (၃,၅၇၈,၁၀၀) – သုံးဆယ့်ငါးသိန်း ခုနှစ်သောင်း ရှစ်ထောင့်တစ်ရာတို့ကို အသီးသီး ထောက်ပံ့ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာယာဝတီမြို့သို့ရောက်ရှိပြီး သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး ဆောက်လုပ်နေမှု အခြေအနေကို သွားရောက်စစ်ဆေးခဲ့ပြီး အဆောက် အဦများပြီးစီးနိုင်ရေးတွင် ကြုံတွေ့နေရသော အခက်အခဲများကိုတင်ပြကြရာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိုနှိုင်း ဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြပါ သည်။ ယနေ့ထောက်ပံ့ငွေ စုစုပေါင်းမှာ ကျပ် (၇၈၇၇၃၁၀၀) ခုနှစ်ရာ ရှစ်ဆယ် ခုနှစ်သိန်း ခုနှစ်သောင်း သုံးထောင့်တစ်ရာဖြစ်ကြောင်း သတင်းရရှိပါသည်။
#hl1
#bgo_jan2019