
=================================================
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ မီးရထားဝင်းနေ ဒေါ်စိန်ဝင်းအသက် (၇ဝ) နှစ် နေအိမ်၌ (၁၉-၁-၂၀၁၉) ရက်နေ့၊ နံနက် (၃:၁၅) နာရီအချိန်တွင် ရေနွေးအိုးတည်ရာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်( ၁) လုံးမှ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ လူနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်၊ လူဦးရေ (၃) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ (၆၃၀၀) ကျပ်၊ ဒဏ်ရာရလူနာတစ်ဦးအတွက် ထောက်ပံငွေ(၅၀၀၀ဝ)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၂၅၆၃၀၀ိ/- )တို့အား (၁၉-၁-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။