သဘာဝဘေးလျော့ပါးရေးလူငယ်ဆင့်ပွားသင်တန်း၌ သဘာဝဘေးအန္တရာယ်များအကြောင်း ဟောပြောပို့ချမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် မုံရွာခရိုင်၊ မြောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး လူငယ်ဆင့်ပွားသင်တန်းအား သင်တန်းသား/သူ (၃၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ရပ်မိ/ဖများ တက်ရောက်ခဲ့ပြိး သင်တန်းဖွင့်ပွဲတွင် မြောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ် ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံး တာဝန်ရှိသူတစ်ဦးမှ သင်တန်း အဖွင့်အမှာစကားပြောကြားခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများ၊ သဘာဝဘေးအန္တရာယ်များ အကြောင်း ဟောပြောပို့ချခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၂၁-၁-၂၀၁၉) မှ (၂၃-၁-၂၀၁၉) ရက်နေ့ အထိ (၃) ရက်တာဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး သင်တန်း သား/သူများအား တီရှပ်၊ မိုးကာ၊ ဦးထုပ်၊ ဓါတ်မီး စသည့် သင်တန်းသုံးပစ္စည်းများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါ သည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ar
#sgg_jan2019

Sign Up

Upcoming Events