ကြိုတင်သတိပေးစနစ်ဆိုင်ရာနည်းပြသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင် ခြေစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ တာဝန်ရှိသူများသည် (၇-၁-၂၀၁၉) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ သည့် ကြိုတင်သတိပေးစနစ်ဆိုင်ရာနည်းပြသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၁/၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနားအား (၁၈-၁-၂၀၁၉) ရက်နေ့၊ (၁၃း၃၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းကျောင်းအုပ်ကြီးမှ အမှာစကားပြောကြားခဲ့ပြီး ခရိုင်အဆင့် ဌာန ဆိုင်ရာများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသူ/သား (၉၀) ဦး၊ စုစုပေါင်း (၁၁၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Source: သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဘစမ)

#ar
#ayy_jan2019

Sign Up

Upcoming Events