Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ကလောမြို့၊ အ.ထ.က (၂) မှ ကျောင်းသား/သူ (၂၅၀) ဦးအားလည်းကောင်း၊ နေ့လည်ပိုင်းတွင် ကလောမြို့နယ်၊ အ.လ.က (ဟဲဟိုး) မှ ကျောင်းသား/သူ (၂၅၀) ဦးတို့အားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် ပညာပေးဗီဒီယိုပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_jan2019
-
စမ္ဘလေကျေးရွာအုပ်စု၊ စမ္ဘလေကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ စမ္ဘလေကျေးရွာအုပ်စု၊ စမ္ဘလေကျေးရွာ(ဘင်္ဂါလီ) ၌ (၁၉-၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၂၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁) အိတ်၊ (၁၁) ပြည်၊ (၆) ဗူးတို့အား … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UNFPA မှ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်သူအား လက်ခံတွေ့ဆုံမှုသတင်း
ဇန်နဝါရီလ ၂၂၊ နေပြည်တော် လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNFPA မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် စတင် တာဝန် ထမ်းဆောင်လျက်ရှိသော Mr. Ramanathan Balakrishnan ဦးဆောင်သောအဖွဲကို အဆိုပါ ဝန်ကြီးဌာန မေခလာခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ UNFPA နှင့်တွေ့ဆုံရာတွင် ဝန်ကြီးဌာနက Life-Cycle approach ဖြင့် ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးကိစ္စများတွင် UNFPA မှပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ လူငယ်မူဝါဒ အားရေးဆွဲအတည်ပြုနိုင်ခဲ့ပြီးနောက် လုပ်ငန်းစီမံချက် များဖြင့် ဆက်လက်အကောင်အထည်ဖေါ်ရာတွင် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်၌ (၂၀-၁-၂၀၁၉)ရက်နေ့တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၂)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး(၃၃၆၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀)ကျပ်နှင့် ဒဏ်ရာရ လူနာအတွက်ထောက်ပံငွေ(၅၀၀၀၀) ကျပ်အား(၂၂-၁-၂၀၁၉)ရက်နေ့(၁၅:၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha-fir #kcn-jan2019
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၅၄) ရပ်ကွက်၊ ဇေယျာမြိုင်လမ်း၊ အိမ်အမှတ် (၂၀၆) ၌ (၁၉-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၀း၀၁) နာရီအချိန်၌ ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး/ပျဉ်ကာနေအိမ် (၂) လုံး မီးလောင်ကျွမ်းခဲ့ပြီး RC (၂) ထပ်တိုက် (၁) လုံး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်နေအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ ငရန့်ချောင်းကျေးရွာအုပ်စု၊ ပေါက်တောပြင်ကျေးရွာ ရပ်ကွက်(၃)၌ (၁၇-၁-၂၀၁၉)ရက်နေ့တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ်(၄)လုံး လူမနေအိမ်(၃)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စုမှ လူဦရေ(၁၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ လူနေအိမ်(၁)လုံးလျှင် (၁၀၀၀၀၀/-)ကျပ်ဖြင့် အိမ်(၄)လုံးအတွက်(၄၀၀၀၀၀/-)ကျပ်နှင့်လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၅၂၀၀/-)ကျပ် စုစုပေါင်း(၄၂၅၂၀၀/-)ကျပ်အား (၂၂-၁-၂၀၁၉)ရက်နေတွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha-fir #rke-jan2019
-
ဗန်းမော်မြို့နယ်၊ ပေါက်ကုန်းရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၌ (၂၁-၁-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ခဲ့သော တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ(၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား (၂၂-၁-၂၀၁၉) ရက်နေ့၊ (၁၂း၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #kcn_jan2019
-
ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ကောင်းစင့်ကျေးရွာအုပ်စု၊ ကောင်းစင့်ကျေးရွာ၌ (၂၆-၁၂-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀/-) ကျပ်တို့အား (၂၂-၁-၂၀၁၉) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဟောပြောပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် မကွေးမြို့နယ်၊ အ.ထ.က ဖိုလေးလုံးကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၄၅၀) ဦးခန့်အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်း၊ ငလျင်ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်း အရာများ ဟောပြောပို့ချခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mgy_jan2019
-
ပွင့်ဖြူမြို့နယ်၊ သံကိုင်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ သံကိုင်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာ၌ (၂၁-၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၇,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာတို့အား (၂၂-၁-၂၀၁၉) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ … Read more









