Category Archives: News
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ဘိုကလေး မြို့နယ်၊ ဂရမ်းကျေးရွာအုပ်စု၊ ဂရမ်းကျေးရွာ၊ ဦးတင်ထွေးနေအိမ်၌ ဆိုလာမှ Inverter သို့အားသွင်းထားရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ အဆိုပါဖြစ်ပွားခဲ့သော မီးဘေးကြောင့် (ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း) နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးဘေးသင့်ခဲရာ ဘေးသင့်ပြည်သူများအတွက် ငွေကျပ် (၃၅၃၅၃/-) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး … Read more
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင် အသုံးပြုရန် High performance Computer (၁) စုံ လှူဒါန်းမှုအား လွှဲပြောင်းလက်ခံခြင်းအခမ်းအနား ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၊ အစည်းဝေးခန်းမ၌ (၇-၁-၂၀၁၉) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မေတ္တာရင်းမြစ်ဖောင်ဒေးရှင်းနှင့် ရွှေလက်ဆက်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့မှ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) တွင် အသုံးပြုရန် စွမ်းဆောင် ရည်မြင့် ကွန်ပျူတာ (High performance Computer) (၁) စုံလှူဒါန်းမှုအား လွှဲပြောင်းလက်ခံခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အလှူရှင်ဧည့်သည့်တော်များ တက်ရောက်ခဲ့ပြီး ဦးစီးဌာန၏လုပ်ငန်းများတွင် အကျိုးရှိစွာအသုံးချနိုင်မည့် စွမ်းဆောင်ရည်မြင့် ကွန်ပျူတာ … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း
================================================= Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်၊ ပိတောက်(၄)လမ်း၊ အိမ်အမှတ်(၂၁၆၄၃)၌ (၃၁-၁၂-၂၀၁၈) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၅၀၀၀/-)၊ မီးဘေးသင့်လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုး(၈၄၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၁)အိမ်ထောင်စာတို့အား (၂-၁-၂၀၁၉) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း … Read more
-
” အားကောင်းသောမုန်တိုင်းငယ်သတင်း” (၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်၊ မြန်မာစံတော်ချိန် (၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
================================================= အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈/၂၀၁၉) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း”ပါဘက်”(Pabuk)သည် အားကောင်းသောမုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ အားလျော့သွား ခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ တောင်-အနောက်တောင်ဘက် မိုင်(၁၆၀)ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyikyun)၏ တောင်-အနောက်တောင်ဘက် မိုင်(၂၈၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့(Port Blair)၏ တောင်-အရှေ့တောင် ဘက် (၁၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (ခ) အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ … Read more
-
” ဆိုင်ကလုန်းမုန်တိုင်းသတင်း” (၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်၊ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
=========================================== ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၀၇/၂၀၁၉) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ် ပြင်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ပါဘက်”(Pabuk)သည် မြန်မာ နိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ တောင်-အနောက်တောင်ဘက် မိုင်(၁၇၀) ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyikyun)၏ တောင်-အနောက်တောင်ဘက် မိုင်(၂၉၀) ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့(Port Blair)၏ အရှေ့တောင်ဘက် (၂၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (ခ) ဆိုင်ကလုန်းမုန်တိုင်း “ပါဘက်”(Pabuk)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မင်းဘူးမြို့နယ်အတွင်းရှိ ကမ်းပါးပြိုကျမှု ဒဏ်ခံစားရသော ပြည်သူများနှင့်တွေ့ ဆုံခြင်းနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်မှုသတင်း
မကွေး၊ ဇန်နဝါရီ ၅ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး သည် ယနေ့မွန်းလွဲပိုင်းက မကွေး တိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဒဏ်ခံစားရသော နိဗ္ဗာန်ကျွန်းကျေးရွာနှင့် မုန်းကျိုးကျေးရွာ များသို့ ရောက်ရှိပြီး ကမ်းပါးပြိုကျမှုကြောင့် ကျေးရွာများပြောင်းရွှေ့နေရမှုအခြေအနေ၊ ကြိုတင်ကာကွယ်ရေးအတွက် မြစ်ကမ်းပါးထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက် နိုင်မည့်အခြေအနေများ ကို ကြည့်ရှုပြီး မင်းဘူးမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသား များ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဧရာဝတီမြစ်ရေတိုက်စား မှုကြောင့် ၂၀၁၃ ခုနှစ်တွင် အိမ်ခြေ … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၆-၁-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့လိုက်ပါ၍ ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာ၌ (၃-၁-၂၀၁၉)နေ့မီးဘေးဖြစ်စဉ်ကြောင့် ဘေးကြုံတွေ့ခဲ့ရသည့် မီးဘေးသင့်အိမ်ခြေ (၁၇၈)လုံး၊ အိမ်ထောင်စု(၁၇၈)စု၊ လူဦးရေ (၉၁၂)ဦးတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေ သိန်း(၇၈၀)ကျော်ရှိသော ဆန်ရိက္ခာ (၁)လစာ၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ တာပေါ်လင်လိပ်၊ အိမ်အမိုးသွပ်၊ ဆိုလာမီးအိမ်၊ ကျားလုံချည်၊ မလုံချည်၊ ခြင်ထောင်၊ စောင်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်စသည်တို့အား ထောက်ပံ့ပေးအပ်ပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများ ကြည့်ရှုအားပေးစကားများပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #hl1_ha_fir #ayy_jan2019 … Read more
-
မွန်ပြည်နယ်တွင် စက်ရေတွင်းနှင့် အုတ်ရေကန်လှူဒါန်းသည့်သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာရှိ လေယာဉ်ကွင်းဟောင်းနေရာတွင် နေထိုင်လျက်ရှိသော အလင်းဝင် မွန်သီးခြားလက်နက်ကိုင်အဖွဲ့မှ မိသားစုဝင်များ သောက်သုံးရေရရှိရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ ရန်ကုန်မြို့နေ အလှူရှင်ဦးကျော်မြင့်၊ ဒေါ်တင်တင်အေး (ထိပ်တန်းမုန့်ဟင်းခါး)မိသားစုမှ လှူဒါန်းသည့် စက်ရေတွင်းနှင့် ဂါလန် (၂၀၀၀)ဆန့် အုတ်ရေကန်တို့အား (၃-၁-၂၀၁၉)တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး (၅-၁-၂၀၁၉)တွင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁-၂၀၁၉)ရက်နေ့ (၁၆၅၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကံဘဲ့ကျေးရွာအုပ်စု၊ ကံဘဲ့ကျေးရွာ ဦးနေလင်းနေအိမ်ရှိ နောက်ဖေး မီးဖိုချောင် မီးကြွင်းမီးကျန်မှ တဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ ပျဉ်ကာ နေအိမ်(၁)လုံး၊ ဓနိမိုးထရံကာ နေအိမ်(၂)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၅)စုမှ လူဦးရေ(၂၀)ဦး မီးဘေးသင့်ခဲ့သဖြင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၅)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၄၀၀,၀၀၀)၊ ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေကျပ် (၄၂,၀၀၀)နှင့် ရေသန့် (၅)လီတာ (၁၅)ဗူး၊ စားဆီ(၅)ပိဿာ(၁)ပုံး၊ အဝတ်အထည် … Read more
-
မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၁-၁၂-၂၀၁၈)ရက်နေ့ မော်လမြိုင်ကျွန်းမြို့နယ်၊ ဖိုးခမှီဒေါင့်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၌ ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် ပျက်စီးခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ဘေးသင့်ပြည်သူ (၅) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ ဆန်ရိက္ခာ (၇) ရက်စာ(၁၀,၅၀၀)၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀,၀၀၀)၊ စုစုပေါင်း (၁၁၀,၅၀၀) အား (၅-၁-၂၀၁၉) ရက်နေ့၊ (၁၁၃၀) အချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ … Read more









