မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၅၄) ရပ်ကွက်၊ ဇေယျာမြိုင်လမ်း၊ အိမ်အမှတ် (၂၀၆) ၌ (၁၉-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၀း၀၁) နာရီအချိန်၌ ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး/ပျဉ်ကာနေအိမ် (၂) လုံး မီးလောင်ကျွမ်းခဲ့ပြီး RC (၂) ထပ်တိုက် (၁) လုံး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်နေအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၅,၂၀၀/-) ကျပ်၊ ရေသန့် (5 Liter) (၁၂) ဘူး၊ စားဆီ (၅)ပိဿာ (၁) ပုံး၊ ဒန်အိုး (၃) လုံးနှင့် စောင် (၆) ထည်တို့အား (၂၂-၁-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_fir
#ygn_jan2019

Sign Up

Upcoming Events